ငယ်ပေါင်းတွေတဲ့။

" ငါ့မြေးနဲ့မိတ်ဆက်ပေးမယ်ဆို "

ဘိုးဘိုးဝမ်ကျိုးလင်ကပြောတော့ ရိပေါ်ကဘိုးဘိုးဘက်ကိုလှည့်ကြည့်လိုက်သည်။ဘိုးဘိုးကတော့အရေးတောင်မစိုက်ပဲ၊သူ့သူငယ်ချင်းဘိုးဘိုးရှောင်းဖုန်းနဲ့ အားရပါရစကားပြောနေကြတော့ ရိပေါ်ဘာမှဝင်မပြောတော့ဘူး။

" မြေးမလေး ဆင်းလာခဲ့ "

လှေကားပေါ်ကဖြေးညင်းစွာဆင်းလာသောမိန်းကလေးကို ဝမ်ရိပေါ်မော့ကြည့်လိုက်မိတယ်။

တကယ်လှတယ်၊နက်မှောင်နေတဲ့ဆံပင်ရှည်လေးတွေကဖြောင့်တန်းနေတာပဲ။မျက်နှာလေးကသွယ်သွယ်လေး၊မိတ်ကပ်ကိုမသိသာပါးပါးလေးလိမ်းထားပြီး ရိုးရှင်းတဲ့ဂါဝန်ရှည်လေးကိုဝတ်ဆင်းထားလာသည်။

အဘိုးရှောင်းဖုန်းရဲ့ဘေးနားကိုထိုမိန်းမလှလေးကဝင်ထိုင်တော့ ဝမ်ရိပေါ်အကြိမ်ကြိမ်ငေးမိသား။ရိပေါ်ကအကြိမ်ကြိမ်ငေးကြည့်မိပေမယ့် မိန်းမသားပီသတဲ့ချူးမိန့်ကတော့တစ်ချက်မှတောင်မကြည့်ပဲခေါင်းလေးငုပ်ထားဆဲ။

" ငါ့မြေးနဲ့မင်းမြေးမလေးကို လက်ထပ်ပေးရမယ်ကွာ "

" ဒါပေါ့ "

" အားးး ကျန့်ကျန့် မသွားနိုင်ဘူးလို့ ပြောနေတယ်လေ ခုလွှတ် ခုလွှတ် "

ဘယ်ကအသံလဲ!ဆူညံနေတာပဲ၊အပေါ်ထပ်ကအသံကအောက်ထိတောင်ကြားရတာပဲလား။

အပေါ်ထပ်ကနေ ကျောင်းဝတ်စုံကိုပစ်ချလာတာကြောင့် ရိပေါ်အပါဝင်အကုန်လုံးကမော့ကြည့်လိုက်တော့ အပေါ်ထပ်မှာရပ်နေတဲ့ ပိန်ပိန်သေးသေးဖြူဖြူအုအုကောင်လေးတစ်ယောက်က ကျောင်းဝတ်စုံကိုပစ်ချနေတယ်။

" ကျန့်ကျန့်က ကျောင်းကိုဘယ်တော့မှသွားမှာမဟုတ်ဘူး! နောက်ဆိုကျန့်ကျန့်အိပ်နေရင် ကျောင်းသွားဖို့လာမနှိုးပါနဲ့ လာနိုးရင်ကျန့်ကျန့်အဆိုးမဆိုးနဲ့ အကုန်လုံးကိုအလုပ်ထုတ်ပစ်မယ် !!! "

ဟ ဘာလားပဲ၊လူကြည့်တော့သေးသေးကွေးလေး။

ကိုယ့်ထက်အဒေါ်အရွယ်လောက်ရှိတဲ့သူတွေပတ်ခနဲစွာနေလိုက်ပုံများက ရိုက်ချင်စရာလေး။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Waar verhalen tot leven komen. Ontdek het nu