အမွှာနှစ်​ယောက်အိမ်ဆိုပြီး ခွင့်တောင်းထွက်သွားသည့်သားက ကိုကိုကထောပတ်သီးဖျော်ရည်ဝယ်တိုက်တယ်ပြောလာတာကြောင့်
သားရဲ့အနားသွားကာမေးလိုက်သည်။

"ဟုတ်ပါပါး သားက ဆိုင်ကယ်စီးချင်တယ်ပြောလို့ ကိုကိုလိုက်ပို့တာ အပြန်ကြအအေးဆိုင်ထိုင်တာပါပါး"

"သူကဘယ်လိုလူမျိုးလဲ သားကသိလို့လား
သားအတွက် အန္တရာယ်ကင်းနိုင်လား"

"ကိုကိုဘယ်လိုမျိုးလဲ သားမသိဘူး
ကိုကို့ကိုခင်လို့"

"ပတ်ဝန်းကျင်မှာ သားမသိတဲ့အကြောင်းအရာတွေအများကြီးရှိတယ်....သားကအသက်
ဆယ့်ရှစ်နှစ်မပြည့်သေးဘူး.... ပါပါးက ကလေးလို့ဘဲသဘောထားတာ ပါပါးကိုအမှန်တိုင်းပြောပြ ကိုကိုဆိုတဲ့ကောင်လေးကို သားကဘယ်လိုသဘောထားနေတာလဲ"

"ကိုကို့ကိုချစ်လို့ ပါပါး"

သူရခန့်ဗိုလ်သည်
ငယ်ရာကနေကြီးလာသူဆိုတော့
သားရဲ့အခြေနေကိုကြည့်ပြီးမေးလိုက်ခြင်းဖြစ်သည်။
ထင်သည့်အတိုင်း သားကပြောလာသည်။

"သေချာရဲ့လား ကမ္ဘာဗိုလ်....ပါပါးမေးတာကလေ သားရဲ့အသက်အရွယ်ကစိတ်ကစားတဲ့အရွယ်မလို့မေးနေတာ ယောကျာ်းလေးနှစ်ယောက်ချစ်ခြင်းကလုပ်ယူလို့မရဘူး
သားရ....ကိုယ်ချစ်မိသလို တစ်ဖက်ကချစ်မိဦးမှလေ"

"ဟုတ်တယ်သားရ daddyဆို သားရဲ့ပါပါးကိုအရင်ချစ်မိတာ daddyနဲ့သားရဲ့ပါပါး
ရုတ်တရက်လက်ထပ်လိုက်ရတုန်းက
သားရဲ့ပါပါးကdaddyကိုမချစ်သေးဘူး
daddyကလည်း ဇွတ်အတင်းမချစ်ခိုင်းဘူး"

ပါပါးနဲ့daddyကိုယ့်ကိုစိုးရိမ်လို့ပြောကြမှန်း
ကမ္ဘာဗိုလ်သိပါသည်။ကိုကိုက ပြန်ခါနီးပြောသွားသည့်စကားကြောင့် တိတ်တခိုးထားမိသည့်
ကိုကို့ကိုချစ်မိနေတာတွေ သေချာမှန်းသိခဲ့ရသည်လေ။ကိုကိုကရော ကိုယ့်ကိုချစ်လား
မချစ်ဘူးလားသေချာမသိပါ။

"ကိုကိုက သားရဲ့အပိုင်
ကိုကို သားကိုချစ်လာစေရမယ်"

"သားက သားရဲ့ကိုကို့ကို အပိုင်သိမ်းမလို့လား
ဟိုကလက်မခံရင်ရော သားရဲ့အသက်အရွယ်က
လူတစ်ယောက်ကိုချစ်လို့ရပါတယ်
ပါပါးမတားဘူး တစ်ဖက်က လက်မခံနိုင်ရင်
သားပဲ နာကျင်ရမှာ သိလား"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now