ရိပေါ်က ထပြီး ရှောင်းကျန့်ကို ထူပေးနေတယ်
ရှောင်းကျန့်က ခုထိ စိတ်နဲ့လူနဲ့ ကပ်သေးပုံမပေါ် တောင့်တောင့်ကြီး ဖြစ်လို့နေသည်
ထလိုက်တော့ ခုနက နာနေတဲ့ ဖက်နဲ့ ထောက်မိသွားလို့ သူ့အသံထွက်မိသွားတယ်

"အ.."

"ကျန့်ကော ရရဲ့လား ဆေးထည့်မှ ဖြစ်မယ်ထင်တယ်"

ရုတ်တရက် ဆန်စွာပဲ ရိပေါ် ပြောပြီး ရှောင်းကျန့်ကို မင်းသမီး ကိုချီသလိုမျိုး ချီလိုက်တယ်

"ရိပေါ် ဘာ ဘာလုပ်တာလဲ "

"ကော ခြေထောက်နာနေတော့ လမ်း‌လျှောက်
လို့ အ‌ဆင်ပြေမှာ မဟုတ်ဘူး"

"ရပါတယ် အောက်ချပေးတော့"

"မရပါဘူး ကော ‌ငြိမ်"လေးသာ လိုက်ခဲ့ပါ"

ရှောင်းကျန့်ပြောလဲ ရိပေါ်က စကားနားထောင်မည့်ပုံမပေါ်တော့ ဘာမှ မပြောတော့ပဲ သူချီရာ အတိုင်း ပါသွားတော့ တယ်

ရိပေါ်က ရှောင်းကျန့်ခြေထောက်ကို သူကိုယ်တိုင် ဆေးလိမ်းပေးဖို့ ပြင်နေတော့ ရှောင်းကျန့် အမြန်တားလိုက်ရတယ်

ဒဏ်ရာက ခြေထောက်မှာ ဆို တော့ တခြားသူကို ဆေးလိမ်းခိုင်းရမှာ အားနာရသည်မဟုတ်လား

"ရိပေါ် ကောဘာသာ လိမ်းလိုက်ပါ့မယ် နောက်ပြီး ခြေထောက်ကြီးမှာ ဆိုတော့"

"ကောဗျာ ဘာမှ မပြောပဲ ငြိမ်"လေးသာ နေနေဗျာ ကျနော် လုပ်ပေးမယ်"

ရှောင်းကျန့်က ကုတင်ပေါ်မှာ ထိုင်ပြီး  အောက်မှာ သူ့ခြေထောက်ကို ဆေးထည့်ပေးနေတဲ့ ရိပေါ်ကို ရှောင်းကျန့် မျက်တောင်မခတ်ကြည့်နေမိသည်
မျက်ခုံးများက တစ်ခုခုကိုအလိုမကျဟန် တွန့်ချိုးနေသောသူက တော်တော်လေးကို ကြည့်ကောင်းလှပါသည်
တောင့်တင်းလှသော ခန္ဓာကိုယ် အချိုးအစား
ချောမောသည့် ရုပ်ရည်
ဝမ်ရိပေါ်ဆီမှာ အကုန်လုံးကို  ပြည့်စုံနေတော့ပါလား

"ကျန့်ကော ခြေချင်းဝတ်လေးက ဘာလို့ အဲလောက်သေးနေရတာလဲ နောက်ပြီး ကောရဲ့ ကိုယ်လုံးက အရမ်းပေါ့လွန်းတာပဲ"

"ဟမ် ငါ ငါက မပိန်ပါဘူးနော် "

"ဟက် ကောသာ မပိန်ဘူးပြော‌ေနတာ ကျနော့် အမြင်မှာတော့ ကောက သေးသေးလေးဖြစ်နေတာ "

"မင်းလဲ မားလိုပဲ ငါ့ကို ပိန်တယ်ချည်းပြောနေကြတာ ငါ အစားအများကြီး စားတာ မင်းတို့အမြင်ပဲလေ"

မကျေနပ်ဟန် နှုတ်ခမ်းလေး စူပြီး ပြန်ပြောနေသော ကျန့်ကောက ချစ်စရာကောင်းလှပါ၏

"ကောက သရေစာတွေပဲ အများကြီးစားတာကို အဲဒါတွေက လူကို အာဟာရ သိပ်မဖြစ်စေဘူးလေ"

"ငါက အဲဟာတွေပဲ ကြိုက်တာ ထမင်းကိုကျတော့ နေ့တိုင်း စားနေရတာ ဒီလောက်ပျင်းစရာကောင်းတာကို မစားချင်ပါဘူး"

"ဟုတ်ပါပြီ ထမင်းတော့ ပုံမှန် စားရမယ်လေဗျာ ခုတော့ ကောစားဖို့တွက် ကျနော် တစ်ခုခု လုပ်လာပေးမယ် ကောသာ ဘယ်မှမသွားပဲ ဒီမှာပဲ ထိုင်နေနော် မဟုတ်ရင် ကောခြေထောက်နာနေလိမ့်မယ်"

"အွန်းပါ"

ရိပေါ်က ရှောင်းကျန့်အခန်းထဲကနေ ထွက်သွားပြီး အပေါက်ဝနားရောက်မှ သူ့ဆီ ပြန်လှည့်လာပြီး

"ကော ထမင်း မစားချင်ဘူးဆို ကျနော့်ကို စားမလား ကျနော် ခွင့်ပြုပါတယ်"

"ဝမ်ရိပေါ် မင်း မင်း"

"ဟားဟား စတာပါ‌ဗျာ သွားတော့မယ်"

ဝမ်ရိပေါ်ထွက်သွားပြီးမှ အသက်ရှူ ဝသွားသလို ခံစားလိုက်ရတယ်
အဲဝမ်ရိပေါ် ဒီနေ့မှ
ဘာလို့ မတရားချောနေတယ်လို့ခံစားနေရတာလဲ

ဒီနေ့မှာ ဝမ်ရိပေါ်က ရှောင်းကျန့်အတွက် စားစရာတွေပါ ချက်ပေးပြီး ရှောင်းကျန့်ကိုလဲ သူကိုယ်တိုင်ဆေးတိုက် ခဲ့သည်
နမ်းမိခဲ့ကြတာကိုလဲ မသိသလို နေခဲ့ကြရင်းပေါ့

ဒီလိုပုံစံ အတိုင်းသာဆို ရှောင်းကျန့်နဲ့ ရိပေါ် အခြေအနေ တိုးတက်လာပြီ ထင်ပါရဲ့။

_________ I Don't Know _______


You've reached the end of published parts.

⏰ Last updated: Dec 10, 2023 ⏰

Add this story to your Library to get notified about new parts!

I Don't Know Where stories live. Discover now