"!ကြောက်တယ် ကြောက်တယ်"
ကိုယ့်ကိုတင်းနေအောင်ဖက်ထားသည့်သားက
တကိုယ်လုံး ချွေးစေတွေပြန်ကာ
ကြောက်လန့်တကြားအော်ဟစ်နေတာကြောင့်
အိပ်နေရာမှနိုးကာ သားကိုလှုပ်နှိုးလိုက်သည်။"ကမ္ဘာဗိုလ် ပါပါးရှိတယ်နော်"
"!ခေါင်းပျက်သရဲမလိုက်လာပြီ ကြောက်တယ်
မလာနဲ့ သွား""ဗိုလ် သားကလန့်နေတာ"
" ဦး သားကိုနှိုးလို့မရဘူး"
ဦးကပါနိုးလာပြီး သားကိုလှုပ်နှိုးပေမယ့်
သားကမျက်လုံးမဖွင့်ဘဲ အော်မြဲအတိုင်း
အော်နေသည်။"!အား....ခေါင်းပျက်သရဲမကြီး"
ကမ္ဘာဗိုလ်သည် အိမ်မှာရှိနေပြီထင်နေတာ
အိမ်ပြန်တဲ့လမ်းကို
ဘယ်လိုပြန်ရောက်နေတယ်မသိ
ခေါင်းပျက်သရဲမက လက်ပြကာ သူ့အနားလာဖို့ခေါ်နေသည်။
ပတ်ဝန်းကျင်ကိုမကြည့်ရဲတော့ဘဲ
ကမ္ဘာဗိုလ်သည် ခြေဦးတည့်ကာသာပြေးနေမိသည်။
ပြေးနေရင်းနောက်ကိုမလုံတာမလို့
လှည့်ကြည့်မိရာ ခေါင်းပျက်သရဲမကနောက်ကနေလိုက်လာတာကို တွေ့လိုက်ရသည်။ကိုကိုလိုက်ပို့တာဆိုတဲ့အသိကချက်ခြင်းဝင်လာပေမယ့် အနားမှာဘယ်သူမှမရှိ
ကူရာမဲ့ ကယ်ရာမဲ့ ကြောက်လန့်တကြားအော်၍သာပြေးနေမိသည်။ပြေးနေရင်း ပါပါးရဲ့ခေါ်သံနဲ့အတူ daddyရဲ့ခေါ်သံကိုရုတ်တရက်ကြားမိပြီး
အားကိုတကြီးလိုက်ရှာမိသည်။"သား ကမ္ဘာဗိုလ် ပါပါးရှိတယ်နော်
အိမ်မက်ဆိုးမက်နေတာလား""!အီး....ဟီး...ဟီး...ပါပါး"
အိပ်ရာကနေနိုးလာလာချင်း အိမ်မက်ဆိုတဲ့အသိက ကမ္ဘာဗိုလ်အတွက် စိတ်တည်ငြိမ်ရသွားမိသည်။အိမ်မက်ကတကယ်လိုကြီးထင်မိတာကြောင့် ပါပါးရင်ခွင်ထဲကနေမထွက်ဘဲ
ငိုနေမိသည်။"ဘာတွေအိမ်မက်မက်နေတာလဲ သားရာ
ချွေးတွေရွှဲနစ်နေတာဘဲ daddy
သားအတွက်အဝတ်အစားလဲဖို့သွားယူပေးမယ်""ကမ္ဘာဗိုလ် ပါပါးကိုပြော
သရဲကားကြည့်ထားတာလား""အမွှာနှစ်ယောက်အိမ်ကနေပြန်တော့လေ
အိမ်ကို သားတစ်ယောက်တည်းမပြန်ရဲလို့
ကိုကိုလိုက်ပို့တာ ပါပါး"
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)
FantasySemeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ
Ep_5 (zg)
Start from the beginning