တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Start from the beginning
                                    

"ကျန်း... ကျန်းကျန့်... ဘာ​တွေ ဖြစ်​နေတာလဲ" ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား ပ​ဟေဠိ ဖြစ်​နေဟန်ဖြင့် ​​မေးလိုက်​လေသည်။

"ဘာမှ မဖြစ်ဘူး"ကျန်းကျန့်က ဆိုလိုက်သည်။

ကျန်းကျန့်က ဘာမှ မဖြစ်ဘူးဟု ​ပြောကာမှ ဝမ်ဟိုင်ရှန်းလည်း စိတ်​​အေးသွားခဲ့ရ​လေသည်။ သူ့​ဘေးပတ်လည်မှ လူများကို ထပ်ကြည့်လိုက်ပြန်​သောအခါ ထိုလူများက သူ့အား ကရုဏာသက်ဟန်ဖြင့် ကြည့်​နေကြသည်ကို ​ရုတ်တရက် ​​တွေ့ရှိလိုက်ရသည်။

ဒါက... ဘာ​တွေ ဖြစ်​နေတာလဲ... ဟယ့်ရှီရွာသားများမှာ ဝမ်ဟိုင်ရှန်းကို အမှန်ပင် သနား​နေကြ​လေသည်။ သူတို့က ကျန်းကျန့်မှာ ယခုတွင် သူရူးတစ်​ယောက် ဖြစ်သွား​လေပြီဟု ယုံကြည်ထားကြသည်။ဝမ်ဟိုင်ရှန်း ကျန်းကျန့်နှင့်အတူ တုန်တုန်ယင်ယင် ​လမ်း​လျှောက်လာ​သောအခါ ကျန်းကျန့်ထံမှ ချိန်း​ခြောက်ခံထားရခြင်း​ကြောင့် ဖြစ်မည်ဟု ​တွေး​နေကြပြီး သူသယ်လာ​သော စန်း​ရှောင်ရှန်းမှာ ကျန်းကျန့်ထံမှ အရိုက်ခံထားရခြင်း ဖြစ်မည်ဟုပင် ​တွေး​တော​နေကြ​လေသည်။

အဆုံးတွင် ထိုသူက ရမန် အရာရှိတစ်​ယောက်နှင့် တိုက်ခိုက်ရဲခဲ့သူဖြစ်သည်။

ကျန်းကျန့်က တန်ဖိုးရှိသော ပစ္စည်းများနှင့် အစားအ​သောက်များအားလုံးကို သူ့အိမ်မှာသာ ထားထားသည်။အခြားအိမ်က အလွတ်နီးပါး ဖြစ်​​နေ​လေပြီး ဝမ်ဟိုင်ရှန်း၏ မိသားစုကို ထိုအိမ်တွင် ​နေခိုင်းထားလိုက်သည်။ ထို့နောက် သူ​ပြောလိုက်သည်။

"အိမ်ကို မနေခင် အရင်ဆုံး ရှင်းဖို့ လိုတယ်... မင်းတို့ဘာသာ မီး​​မွှေးလိုက်ကြ... ငါ့အိမ်ဘက် မလာနဲ့"

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ" ဝမ်ဟိုင်ရှန်းက ထပ်ခါ ထပ်ခါ ​ခေါင်းငြိမ့်ပြလိုက်ပြီး အလွန် ရိုးရှင်းလှ​သော ရွှံ့အိမ်​လေးကို ကြည့်လိုက်သည်။

ဝမ်ဟိုင်ရှန်းက သူ့​​လှေ​ပေါ်တွင် အသုံးဝင်သည့် ပစ္စည်းအချို့ ရှိ​သော်လည်း အများကြီး မဟုတ်​ပေ။ အကြိမ်များစွာ သယ်လာပြီး​နောက် သူက အကုန်လုံးကို ယူလာနိုင်ခဲ့ပြီး မကြာမီပင် အ​ခြေကျသွားသည်။ ထိုအချိန်၌ ​မှောင်စပြု​နေခဲ့​​လေပြီ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now