ဂျီအွန်းက ထိုသို့ပြောလိုက်ပေမယ့် သူ့ရှေ့ကလူကတော့
နည်းနည်းမှမလှုပ်

"ဟောက်ဟောက်ကိုလုပ်တဲ့တရားခံကိုရှာမလို့မှတ်လား
ကူညီပေးမယ် "

"ဟောက်ဟောက် ဆိုတာ ဘယ်သူ "

"ကျန်းဟာအိုကို ပြောနေတာ သူကကျွန်တော့်သူငယ်ချင်း "

" ဆောရီး ကိုယ်မင်းကိုကျောင်းမှာတစ်ခါမှမမြင်ဘူးလို့ "

"ခင်ဗျားကျောင်းပြောင်းလာတဲ့နေ့မှာပဲ တရုတ်မှာအရေးကြီးကိစ္စ
ရှိလို့ အတန်းတောင်မတက်ရဘဲ ပြန်သွားတာ အဲ့တာကြောင့်
မြင်ဘူးမှာမဟုတ်ဘူး ၊ အဲ့တာထားလိုက်တော့ ခုနကလူစု
နေတဲ့အချိန် ကျွန်တော်တို့အတန်းမှာလူတစ်ယောက်ပျောက်
နေတယ် သတိထားမိလား မနက်ကျောင်းလာတုန်းက
သေချာပေါက်တွေ့လိုက်တာကို အခုတော့ လူရောလွယ်အိတ်ပါ
မတွေ့တော့ဘူး ထူးဆန်းမနေဘူးလား "

"မင်းပြောတာဘယ်သူလဲ "

"ဒါကခန့်မှန်းချက်ပဲရှိသေးတာမို့ သူ့ရဲ့အဝတ်လဲခန်းကိုသွား
ကြည့်ရမယ် "

ထို့နောက် ရစ်ကီနဲ့ဂျီအွန်း အဝတ်လဲခန်းကိုသွားကြည့်ရာ
သော့ခလောက်နဲ့သေချာခတ်ထားတာကိုတွေ့လိုက်ရလေသည်။

"ထင်တော့ထင်သားပဲ
ဒါကိုဖွင့်ကြည့်လိုက်ရင် တစ်ခုခုတော့ထွက်လာမယ်ထင်တယ် "

******************
"ဟျောင်း နိုးလာရင် ကျွန်တော်ဟျောင်းအနားကနေ တစ်ဖဝါးမှခွာ
တော့မှာမဟုတ်ဘူး "

ဟာအို အခုလိုဖြစ်ရတာ ဟန်ဘင်းက သူ့ကြောင့်ဟုပင်
တွက်ထားလိုက်သည် ။ သူ့ကိုမကျေနပ်တဲ့လူက ကျောင်းမှာ
ခပ်များများမဟုတ်လား။ သူ့ကိုထိပ်တိုက်ပြဿနာမရှာရဲလို့
ဟျောင်းကို ပစ်မှတ်ထားနေကြတာ။

"တောင်းပန်ပါတယ် ဟျောင်း ၊ ဟျောင်းဒီလိုဖြစ်ရတာ
ကျွန်တော့်အပြစ်တွေပါ ၊ ဟျောင်းနိုးလာရင် ဟျောင်းပြော
တဲ့စကားတွေအကုန်လုံးနားထောင်ပါ့မယ် လူလည်း
မရိုက်တော့ပါဘူး ၊ အဲ့တာကြောင့် …အဲ့တာကြောင့်
ဒီလောက်ပဲအိပ်ပြီး နိုးလာပါတော့ "

"ဟန်ဘင်းလေး "

ဟန်ဘင်းက စကားပြောရင်းငိုနေတာကြောင့် ဝင်လာတဲ့
သူနာပြုကိုတောင် သတိမထားမိပေ

My beloved school president (binhao)UxZ(complete)Where stories live. Discover now