ဆောင်းဟွန်းက ဂျယ်ယွန်းအဆင်ပြေကြောင်း စိတ်ချသွားသော အခါမှသာ ကျန်လူများကို အာရုံစိုက်ဖို့ သတိရတော့သည်။




တတိယမင်းသား၏ လှပသေသပ်သော မျက်၀န်းများက ယခုအခါတွင် ခက်ထန်နေလျက်နှင့် သူ၏မျက်နှာချင်းဆိုင်က ‌ရှင်းမ်ဆန်းနှင့် စတုတ္ထမင်းသားအား လှည့်ကြည့်လိုက်သည်။



ထိုအခါ ရိုင်းစိုင်းသောမင်းသား၄မပြောနှင့် ဉာဏ်များလှပါချည်ရဲ့ဆိုသော အမတ်တို့နှစ်ဦးစလုံး ခြေထောက်များပင် ပျော့ခွေကျမတတ်ဖြစ်နေသည်။



မင်းသား၄က တုန်ယင်နေသော အသံကိုထိန်းလျက် ‌အားတင်းပြီးအမေးပြုလိုက်သည်။




"အစ်ကိုတော် မြို့တော်ကိုဘယ်တုန်းက ပြန်ရောက်နေတာလဲ"



မင်းသား၄၏နှလုံးသားမှာ ထိန်းမရအောင် တုန်လှုပ်နေရှာသည်။


တတိယအစ်ကိုတော်အသက်ရှင်နေသည့်သတင်းမှာ အိမ်ရှေ့စံမင်းသားနားသို့ မပေါက်ကြားသေးပုံပေါ်တာကြောင့် အရေးတကြီး သွားပြီး ပြောပြမှဖြစ်တော့မည်ဟု ကြံစည်နေမိလေသည်။



ဆောင်းဟွန်းကမူ ပြန်မဖြေဘဲ နှုတ်ခမ်းများတင်းတင်းစေ့လျက် မင်းသား၄ အားကြည့်နေလေသည်။



အနှီသကောင့်သားမှာ သူရဲ့ချစ်လှစွာသော ဂျယ်ယွန်းလေး၏ လက်ကို ကိုင်ထားသည်ဆိုသည့်အကြောင်း စဉ်းစားလိုက်ရုံမျှနှင့် ထိုသူ၏လက်ကို ဖြတ်ပစ်လိုက်ဖို့ရာ သည်းမခံ‌နိုင်အောင်ဖြစ်နေရသည်။



မင်းသား‌၄မှာ သူ၏ ဒေါသကြီးပြီး စိတ်မမှန်သော အစ်ကိုထံမှ ပျံ့လွင့်လာသော လူသတ်ငွေ့‌တို့ကြောင့် ထိတ်လန့်တကြားနှင့် ပါးစပ်ပိတ်ကာ ရှင်းမ်ဆန်းအနောက်၀င်ပုန်းနေလေသည်။





သို့သော် ရှင်းမ်ဆန်းမှာလဲ အတော်လေး စိတ်သောကရောက်လို့နေရှာသည်။



*တတိယမင်းသားကို လုပ်ကြံမှုကဘာလို့မအောင်မြင်တာလဲ*


*သူဘာကြောင့် ယခုထက်တိုင် အသက်ရှင်နေသေးတာလဲ*


*ဒ့ါအပြင် ဂျယ်ယွန်းနဲ့ဘယ်လိုလုပ်သိနေကြတာလဲ*



*သူတို့ဆက်ဆံရေးက သာမန်ရင်းနှီးပုံမဟုတ်လောက်ဘူးဆိုတော့ ငါ ဂျယ်ယွန်းအပေါ် မကောင်းကြံထားသမျှ တတိယမင်းသား သိသွားလောက်ပြီလား*



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Wo Geschichten leben. Entdecke jetzt