စီနီယာတွေရဲ့ဆွေးနွေးမှုများကို မကြားတဲ့ဂျူနီယာတွေကတော့ လှေကားထစ်ကို စတင်တက်ရောက်နေတော့သည်၊
လှေကားထစ်ကို ပထမထစ်စလှမ်းလိုက်သည်နဲ့ ကြီးမားတဲ့မှော်စွမ်းအားက ကျောင်းသားတွေရဲ့ကိုယ်ပေါ်ကို ကျရောက်လာတော့သည်၊ဒါပေမယ့် ပထမနှစ်ရဲ့အေ(A)တန်းကျောင်းသားတွေက အရင်နှစ်ကလည်း ဝင်ပြိုင်ဖူးတာကြောင့် အရင်နှစ်လောက်မခက်ခဲကျပဲ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားကြတော့သည်၊
ဒါပေမယ့် မှော်လှေကားထစ်ရဲ့အထစ်သုံးဆယ်ရောက်လာချိန်မှာတော့ ကျောင်းသားတွေရဲ့ခြေလှမ်းက နှေးကွေးလာတော့သည်၊တစ်ချို့ကျောင်းသားတွေဆိုရင် ချွေးပေါက်ပေါက်ကျနေပြီး သွေးကြောတွေတောင် ထောင်ထနေသည်၊
တစ်ချို့ဆိုရင် ​ခြေလှမ်းများရပ်တန့်သွားပြီး တစ်ချို့ကတော့ နောက်တစ်လှမ်းကို ခက်ခက်ခဲခဲလှမ်းနေရတော့သည်၊ဒါပေမယ့် ပါရမီရှင်များကတော့ ရှိဆဲပေ၊
လူငါးယောက်က ရှေ့ဆုံးကနေ ဦးဆောင်နေပြီး ပထမဆုံးတစ်​ယောက်ဆိုရင် လှေကားရှစ်ဆယ်ထစ်ကို ရရှိနေပြီး ကျန်လေးယောက်ကတော့ လှေကားခုနှစ်ဆယ့်ငါးထစ်ကို ရောက်ရှိနေပြီ၊
"ဒါက အရင်နှစ်က ပါရမီရှင်တွေပဲ၊ ဒီနှစ်လည်း အထစ်ခုနှစ်ဆယ်ကို အလွယ်တကူကျော်ဖြတ်သွားနိုင်ပြန်တာပဲ"
ဒါပေမယ့် ထိုပါရမီရှင် ငါးယောက်လည်း အထစ်ရှစ်ဆယ်မှာ ရပ်တန့်သွားပြီး ရလဒ်တွေလည်းထွက်ပေါ်လာတော့သည်၊ထိုနောက်မှာတော့ ပထမနှစ်ရဲ့ဘီ(B)တန်း အလှည့်ရောက်လာပြီး အထစ်ရှစ်ဆယ်ကို ရောက်တဲ့သူနှစ်ဦးပေါ်လာပြီး လူတိုင်း အံ့အားသင့်ရပြန်သည်၊
"ပထမနှစ်ရဲ့စီ(C)တန်းနဲ့ဒီ(D)တန်းအလှည့်"
ဒီတန်းမှာ အယောက်တစ်ရာသာရှိတာကြောင့် စီအတန်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခိုင်းလိုက်သည်၊လူတစ်ထောင့်တစ်ရာဟာ မှော်လှေကားထစ်ကို စတင်တက်ရောက်တော့သည်၊စီတန်းကလည်း အရင်နှစ်က ကျောင်းသားသစ်တွေဖြစ်တာကြောင့် ဝင်ရောက်မယှဉ်ပြိုင်ခဲ့ကြတာပေ၊ဒါကြောင့် မှော်လှေကားထစ်ကလည်း သူတို့အတွက် စိန်ခေါ်မှုတစ်ရပ်နဲ့အတူတူပင်၊