ထို့နောက်မှာတော့ ဒန်နာရီတို့က ကွင်းထဲကနေထွက်လာပြီးတော့ လူခွဲလိုက်ကြသည်၊အန်းတိုလ်ကတော့ အီရှရဲ့လက်ကိုဆွဲသွားပြီး တစ်​နေရာကိုထွက်သွားသလို စီရက်စ်ကလည်း ရှီရယ်ကိုခေါ်သွားတာကြောင့် ဒန်နာရီတစ်​ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်၊
ဂျော့ဖရေးမရှိတဲ့အချိန်အများစုမှာ ဒန်နာရီက တစ်ယောက်တည်းရှိ​နေတတ်ပြီး စာကြည့်တိုက်မှာ အချိန်ကုန်ဆုံးနေတာများတတ်သည်၊အခုလည်း ဒန်နာရီက စာကြည့်တိုက်ကိုသွားရင်း သူထိုင်နေကျခုံမှာ ဝင်ထိုင်လိုက်သည်၊ ကျောင်းတော်မှာ စာကြည့်တိုက်က လူအလာအနည်းဆုံးဖြစ်ကြီး အတိတ်ဆိတ်ဆုံးဖြစ်တာကြောင့် ဒန်နာရီအတွက် စာဖတ်ရတာအတော်အဆင်ပြေသည်၊
ဒန်နာရီစာဖတ်နေတုန်းမှာ လူတစ်ချို့ကဝင်လာပြီးတော့ ဒန်နာရီရဲ့မလှမ်းမကမ်းမှာထိုင်လာတော့သည်၊ထို့နောက်မှာတော့ စကားသံများ ဆူညံပွက်လောလာပြီး အနီးနားက စာဖတ်နေတဲ့သူများက မျက်မှောင်ကြုတ်လာတော့သည်၊ဒန်နာရီလည်း စကားပြောဆိုကာပွတ်လောရိုက်နေတဲ့အဖွဲ့ကို လှမ်းကြည့်လိုက်သည်၊
ကျောင်းသားတစ်ဦးက ကျောင်းသူတစ်ဦးကို ရင်ခွင်ထဲပိုက်ထားပြီး ကျန်တဲ့ကျောင်းသားတွေကလည်း ထိုကျောင်းသားကို မျက်နှာသာသွင်းနေကြသည်၊
"စီနီယာတို့..." ကျောင်းသားတစ်ဦးက မတ်တပ်ထရပ်လိုက်ပြီး အသံတိုးတိုးနဲပြောလာတော့သည်၊ထိုအဖွဲ့ထဲက ကျောင်းသားတစ်ဦးက ထိုကျောင်းသားဘက်ကို လှည့်ကြည့်လိုက်ပြီး လေသံမာနဲ့ပြောလာသည်၊
"ဘာလဲ"
"စီနီယာတို့ အသံကို...နည်းနည်းတိုးပေးနိုင်မလားဟင်..." ထိုကျောင်းသားအသံကြောင့် စီနီယာကျောင်းသားက ရယ်မောလိုက်ပြီး ထိုကျောင်းသားရဲ့နဖူးကို လက်ညှိုးနဲ့တွန်းတွန်းတို့ကာ
"ငါတို့အသံက ဘာဖြစ်လဲ မင်းက ဒါလေးတောင် သည်းမခံနိုင်ဘူးလား... "ပြောလာတော့သည်၊ထိုကျောင်းသားကလည်း ကြောက်လန့်တကြားဖြစ်သွားပြီး တောင်းပန်စကားပြောဆိုလာတော့သည်၊
"မင်းက ငါတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့လေထုကို ဖျက်စီးလိုက်တာဆိုတော့ ဘယ်လိုလျှော်ပေးချင်လဲ"