"မင်းရဲ့အပေါင်းအသင်းတွေက မင်းလိုအဆင့်အတန်းကလူတွေကြီးပဲ ဒန်နာရီ" ဒန်နာရီတို့အဖွဲ့က သူ့မျက်နှာအမှန်ကိုသိထားတာကြောင့် အန်ဒီးယားက အပင်ပန်းခံပြီး ဟန်ဆောင်မနေတော့ပေ၊
"ငါက မင်းငိုပြီး ငါ့သူငယ်ချင်းတွေကို လုမယ်ထင်ခဲ့တာ"
"ကိစ္စတိုင်းကို မျက်ရည်နဲ့ဖြေရှင်း​နေရင် ပြီးတယ်ထင်ပုံရတယ်" အီရှက လှောင်ရယ်ရင်းပြောလိုက်ချိန်မှာ အန်ဒီးယားက ဒေါသကြောင့်အံကြိတ်လိုက်ပြီး ခန္ဓာကိုယ်ထဲကနေ နတ်ဆိုးစွမ်းအားတွေပေါက်ကွဲတော့မလိုဖြစ်နေချိန်မှာ လည်ပင်းနားက ကျောက်ကလင်းလက်လာတာချိန်မှာ နာကျင်မှုကို အန်ဒီးယားခံစားလိုက်ရတာကြောင့် မျက်နှာပျက်သွားပြီး ဒန်နာရီတို့ရှေ့ကနေ ထွက်သွားတော့သည်၊
"ဘာဖြစ်သွားတာလဲ" ရှီရယ်က ပြေးထွက်သွားတဲ့အန်ဒီးယားကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး အံ့သြတဲ့လေသံနဲ့မေးလိုက်သည်၊
ဒန်နာရီရဲ့မျက်ဝန်းများက အရောင်လက်သွားပြီး အီရှဘက်ကိုလှည့်လိုက်ပြီး "ဟုတ်တယ်မလား" လို့မေးလိုက်တော့ အီရှကလည်း ခေါင်းညိတ်ပြလိုက်သည်၊ရှီရယ်က နားမလည်တာကြောင့်
"ဘာကိုလဲ..." မေးလိုက်ချိန်ကျမှ ဒန်နာရီလည်းရှင်းပြလိုက်သည်၊
"သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်လို့ အမှောင်စွမ်းအားတွေ လွင့်လာတာလေ"
"ဒါဆိုရင်... ဆရာတွေရှေ့မှာ သူ့ရဲ့အမှောင်စွမ်းအားဖောက်ကွဲအောင် လုပ်ပြီး ငါတို့ဖမ်းလို့ရတယ်မလား" ရှီရယ်က ဒန်နာရီစကားကို ဆုံးအောင်နားမထောင်မိပဲ သူထင်တာကိုပြောလာချိန်မှာ စီရက်စ်က ခေါင်းကို ခေါက်လိုက်သည်၊
"ငတုံး"
"မင်းကမှ ငတုံး!" ရှီရယ်က စီရက်စ်လက်ကို ရိုက်ပုတ်လိုက်ပြီး မကျေနပ်စွာပြောလိုက်ချိန်မှာ စီရက်စ်က ခေါင်းတခါခါနဲ့ရယ်မောလာတော့သည်၊
"မင်းပြောသလိုမလွယ်ဘူးလေ သူက ​မှော်ကျောက်တုံးကို ကြားခံအနေနဲ့သုံးထားတယ်လေ၊ဒါကြောင့် အမှောင်စွမ်းအားအစား သူကြားခံသုံးထားတဲ့ကျောက်တုံးရဲ့စွမ်းအားပဲ ထွက်လာလိမ့်မယ်...ဒါက ရိပ်မိဖို့လွယ်မှာမဟုတ်ဘူး" ဒန်နာရီစကားကြောင့် ရှီရယ်လည်း နားလည်သွားပြီး မကျေနပ်ဖြစ်သွားတော့သည်၊သူတို့မှာ ဆရာတွေကို သွားပြောချင်ပေမယ့် သက်သေမရှိတာကြောင့် တိတ်ဆိတ်နေရသည်၊