ကောလ်လင်းရဲ့သတင်းက ဆရာရိန်းဘက်ကနေ ဒန်နာရီကို  တပည့်အဖြစ်ကမ်းလှမ်းခဲ့တဲ့သတင်းကို ဖုံးအုပ်သွားခဲ့ပေမယ့် အတော်များများက ဒန်နာရီကိုအားကျနေတော့သည်၊သူတို့အမြင်မှာတော့ ဒန်နာရီက အရည်အချင်းရှိပြီး ကံအလွန်ကောင်းတဲ့ကျောင်းသားဖြစ်သည်၊
သခင်ကျားဖြူရဲ့ရွေးချယ်မှုကို ရရှိထားရုံသာမက ကျောင်းတော်ရဲ့ဒဏ္ဍာရီသဖွယ်တည်ရှိတဲ့ဆရာရိန်းဆီကနေ တပည့်အဖြစ်တောင် ကမ်းလှမ်းခံရသေးသည်မလား၊
ရက်အနည်းငယ်ကြာမှာတော့ ဒန်နာရီတို့က အမှတ်ရှစ်သောင်းစုမိလာတော့သည်၊စုမိလာရတဲ့အကြောင်းအရင်းကတော့ ဂျော့ဖရေးတို့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးက ပြန်လည်ရောက်ရှိလာပြီး ဒန်နာရီပြုပြင်ပြောင်းလဲပေးလာတဲ့မှော်အစီအရင်က အတော်ကိုကောင်းမွန်ကြောင်း သတင်းဖြန့်ဝေပေးခဲ့သည်၊ပထမက တစ်ဦးစ နှစ်ဦးစသာရှိပြီး ဒန်နာရီက အမှတ်တစ်ထောင်နဲ့လက်ခံပေးခဲ့သည်၊ထိုလူတွေက အကာအကွယ်မှော်ကို အသုံးပြုပြီးနောက်မှာ သူတို့က ရလဒ်ကောင်းတွေကို စိတ်ကျေနပ်စွာကြုံတွေ့ခဲ့ရပြီး လူတိုင်းကိုမျှဝေပေးခဲ့သည်၊
ထိုကနေတစ်ဆင့် ဒန်နာရီရဲ့မှော်အကာပြုပြင်ရေးလုပ်ငန်းက အောင်မြင်လာပြီး ဒန်နာရီလည်း မနိုင်တော့တာကြောင့် မှော်အမှတ်ငါးထောင်ထိ တိုးမြှင့်လိုက်မှ သက်သာသွားခဲ့သည်၊ဒါတောင် တစ်ရက်ကို လေးယောက်လောက်ကတော့ လက်ခံနေရဆဲပင်၊
"ဒန်နာရီ...အစတည်းက ဒီအစီအစဉ်ရှိတာကို မပြောဘူး...ငါ့မှာ ဖင်ကုန်းအောင် မှော်အမှတ်တွေရှာလိုက်ရတယ်" ရှီရယ်က နူတ်ခမ်းစူပြီးပြောလိုက်တော့ ဒန်နာရီက ပြုံးသွားတော့သည်၊
"အိုး...မင်းက ပြုံးတတ်သေးတယ်နော်"
"ငါက လူပဲလေ ပြုံးတတ်တာပေါ့" ဒန်နာရီက ရှီရယ်စကားကြောင့် မကျေမနပ်ပြောလိုက်တော့ ရှီရယ်ကလည်း ခါးထောက်ကာ ပြန်ပြောလာတော့သည်၊
"မင်းမျက်နှာက နှစ်ဆယ့်လေးနာရီ အေးတိအေးစက်ရုပ်လေးနဲ့လေ...ကျောင်းတော်ကစီနီယာတွေက မင်းကို ဘယ်လိုနာမည်ပြောင်ပေးထားလဲ သိလား"