Chapter (35) Pheromone အဆင့်ဟူသည်

Start from the beginning
                                    

"စိတ်မပူပါနဲ့" ဆက်၍ ရှန်ချင်က ရှန်သိုက်အား တစ်ချက် ဝေ့ကြည့်၍ လေသံငယ်ငယ်ဖြင့် "အခုထိ ပါပါးလို့ မခေါ်သေးဘူးပဲ"

ရှန်သိုက်က စကားကိုတဲ့ပြန်မဖြေဘဲ ထပ်ဖြည့်ပြီး မှာသည် "ကျွန်တော့်ကိစ္စတွေ သိပ်မစူးစမ်းဖို့ မျှော်လင့်တယ်။ ကျွန်တော် ကိုယ့်ဘဝကိုယ် ကိုင်တွယ်နိုင်ပါတယ်။ အဘွားအတွက်သာ ဂရုစိုက်ပေးပါ။ ခင်ဗျားကို အိုဇာတာကောင်းအောင် ထားပေးမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ဘာဆက်ဆံရေး ဘာပတ်သက်မှုမှာတော့ မရှိတော့ဘူး"

ရှန်ချင်က ပန်းကန်ဆေးနေတာကိုရပ်၍ ရှန်သိုက်အား မျက်တောင်မခတ် တွေကြည့်လာသည်။ ဗာဒံစေ့မျက်ဝန်းအိမ်လှလှများဟာ တဖြည်းဖြည်း နီမြန်းလာလျက် "တက်နိုင်မယ်သာဆို ပါပါးက မင်းအပေါ် ကောင်းကောင်းဆက်ဆံပေးချင်တာပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ကောင်းပေ့ဆိုတဲ့အရာတွေကိုချည်း ပေးချင်မိတာပါ"

ရှန်သိုက် ခေါင်းအသာခါမိ၏။ မထိပါလေ ဒီရင်ထဲ... "ကျွန်တော် ခင်ဗျားဆီက ဘာမှမမျှော်လင့်တော့တာ ကြာပါပြီ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော် ခင်ဗျားကို မမုန်းပါဘူး၊ ကျွန်တော်တို့ကို ပြဿနာထပ်မပေးသရွေ့ပေါ့"

သူ ရှန်ချင်ရဲ့စကားကို ယုံပါသည်။ ရှန်ချင်သာ ငွေကြေးလျှံလန်နေမည်ဆိုလျှင် သူတို့အပေါ် တိုရေရှားရေ ရှိလိမ့်မည်မဟုတ်ပါ။ သူ ငယ်ငယ်တုန်းကဆိုလည်း ရှန်ချင်ဝယ်ပေးသော တန်ဖိုးကြီး အရုပ်များ အဝတ်အစားများကို လက်ခံရလေ့ရှိသည်။ သို့သေည် ရှန်ချင်သည် သူ့ကိုယ်သူ အရာအားလုံးထက် ပိုချစ်ပါသူ။ သူ့တွင်ပြည့်မှသာ လျှံမည်ဖြစ်၏။ ဘဝရဲ့ရွေးချယ်မှုတိုင်းတွင် အတ္တကိုသာ ရှေ့တန်းတင်စမြဲ။ သွေးသားရင်းချာအပေါ် ထိခိုက်နစ်နာစေမည်ဆိုရင်တောင် ဒီလူရဲ့ ရွေးချယ်မှုဟာ အစဥ် သူ့ကိုယ်သူသာ။

ရှန်ချင့်ရဲ့ ရင်ထဲတွင် သူဟာ အဖိုးတန်သားတစ်ယောက်မဟုတ်ပါ၊ အကြွင်းမဲ့ချစ်ခြင်းတို့ ပေးလောက်စရာ ရှုမဝလည်းမတွင်ပါ။ သူဆိုတဲ့ ဖြစ်တည်မှု၏ အမြင့်ဆုံးတန်ဖိုးသည် ယိုရှင်းဟိုင်ဆီမှ အချစ်သော်လည်းကောင်း ငွေကြေးသော်လည်းကောင်းကို အကျပ်ကိုင်စရာအဖြစ်သာ။ အသုံးချရခက်လာတဲ့အခါမှာတော့ ဝန်ပိုပစ္စည်းကို အဘိုးတို့အဘွားတို့ဆီမှာ ပစ်သွားခဲ့လေ၏။

Alpha Predator 《顶级掠食者》Myanmar TranslationWhere stories live. Discover now