☘️ Chapter 11

Start from the beginning
                                    

ဖန့်ကျိုက်ကျင့်က မျက်ခုံးပင့်လိုက်ပြီး

"ငါက အခုလိုချင်နေတာ ဘယ်လိုလဲ ?"

စကားပြောနေစဉ်တွင် သူက ထိုပြည့်တန်ဆာခေါင်းထံသို့ ငွေစက္ကူတစ်အုပ်ကိုပစ်ပေးလိုက်ပြီး

"ကောင်မလေးတွေက ကျေနပ်စေရင် နောက်မှ ငါ ဆုထပ်ချမယ်"

မနက်အစောကြီးမှာ ချမ်းသာပြီးရက်ရောတဲ့သူဌေးနဲ့တွေ့နေမှတော့ အလုပ်ကိစ္စနဲ့ တံခါးကိုဘယ်လိုလုပ် ပိတ်ရပါမလဲ ? ပြည့်တန်ဆာခေါင်းက ပြုံးပြလိုက်သည်။ ထိုအပြုံးသည် သူမ၏မျက်နှာပေါ်ရှိထူပိန်း သောမိတ်ကပ်များကိုပွင့်လန်းစေပြီး အတွင်းဘက်သို့လှည့်ကာ မိန်းကလေးများကို

"စစ်ချင်, ရူဟွာ, ကျင်းရန်, ချင်ဟန်...."

ချောမောလှပသောခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးများသည် အခန်းတွင်းမှထွက်လာပြီး အခန်းတွင်းသို့လျှောက်၀င်သွားခဲ့ကြသည်။ လှေအတွင်းတွင် အလွန်အထက်တန်းကျလှပြီး မွှေး ကြိုင်သော အမွှေးရနံ့များကိုထုတ်လွှတ်ထားသည်။

သူ့လက်မောင်းထဲမှာရှိတဲ့ မိန်းကလေးကကျောက် စိမ်းလိုပင်၊ လှပတဲ့မိန်းကလေးက သူ့ပါးစပ်ထဲကိုဝိုင်လောင်းထည့်ပြီး သူ့ကို ပါးစပ် ပါးစပ်ချင်းထိကာ၀ိုင်တိုက်လာတယ်။ နှုတ်ခမ်းတွေကအရမ်းနူး ညံ့ပြီး သစ်ခွနံ့ရတယ်၊ ဝိုင်ရယ်၊ အလှလေးတွေနဲ့ မွှေးကြိုင်နေတယ်၊ ဒုတိယသခင်လေးဖန့်က သူ့မျက်နှာမှာကျေနပ်မှုအပြည့်နဲ့ ခေါက်ယပ်တောင်ကိုယမ်းလိုက်တယ်။

ဖုန်မျိုးရိုးရေ ငါကတော့ ဒီမှာပျော်နေရပေမယ့် မင်းကတော့ အဲဒီစာရင်းစာအုပ်တွေနဲ့ဖြည်းဖြည်းချင်း အချိန်ကုန်နေလိုက်ပေါ့။

“သခင်၊ ကောင်းတာတစ်ခုဖြစ်သွားလို့လား ? မင်းငါ့ကို ပြောပြလို့ရပါတယ်။"

အလှလေးကမေးလာရာ ဘယ်လိုလုပ် သူမဖြေပဲ နေနိုင်မတဲ့လဲ ? ဖန့်ကျိုက်ကျင့်က အလှလေးရဲ့ မျက်နှာကိုနမ်းလိုက်ပြီး

“ကြားချင်လား ? ဘယ်ဟာက မင်းရဲ့အကောင်းဆုံး စွမ်းရည်လဲဆိုတာ ငါ အရင်ကြည့်ရအောင်။"

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now