“ကိုယ်က ပုံမှန်ဆိုရင် ရေမွှေးနံ့ပြင်းတာတွေ သိပ်မသုံးဖြစ်ဘူး ကိုယ်ရနံ့ မင်းကြိုက်တယ်ဆိုတော့ အဲ့ဒါလည်း ကောင်းပါတယ်”

ဘာကောင်းတာလဲ။ ဖင်လ် ဘာတွေပြောနေတာလဲ။

“ကိုယ် မေးစရာရှိတယ်”

“ဟင် ဘာများလဲ ဖင်လ်”

“မင်းနောက်အိမ်ထောင်ပြုမှာလား”

စိတ်အခြေနေ ကောင်းနေတဲ့အချိန်မှာ သူစိတ်အနှောင့်ယှက် ဖြစ်စေမဲ့ ဒီမေးခွန်းကို ဖင်လ်က ဘာလို့ မေးရတာလဲ။ ဒါပေမဲ့ ဒါကလည်း တစ်ခုကောင်းပါတယ်။ သူအမြဲတမ်း ဒီကိစ္စကို ရှောင်ဖယ်နေလို့မှမရတာ။

“အခုတော့ မဟုတ်သေးပေမဲ့ နောက်ကျရင်တော့  လက်တွဲဖော်ရှာရမှာပေါ့”

“မင်းပြောတော့ နောက်အိမ်ထောင်မပြုပါဘူးဆို”

အလိုမကျသလို ထပ်မေးလာတဲ့ ဖင်လ်ကြောင့် သူမှာ ဘာပြန်ပြောရမလဲတောင်မသိ။

“ဖင်လ်ကရော အိမ်ထောင်မပြုတော့ဘူးလား”

“ကိုးလ်-”

“ဟားဟား လူတိုင်းက အချိန်တန် လက်တွဲဖော်ရှာတတ်ကြတာ သဘာဝပါပဲ အစကတော့ ကျွန်တော် နောက်အိမ်ထောင်ပြုဖို့ အစီစဉ်မရှိပေမဲ့ ကျွန်တော် မာမီဆန္ဒအရ တစ်ယောက်ယောက်ကိုတော့ ကျိန်းသေပေါက် ရွေးခြယ်ရမှာပဲလေ”

ကိုးလ် စကားကြောင့် ဖင်လ်ဟာ အတွေးများသွားသည်ထင်။ လက်ထဲက ကော်ဖီခွက်အား ခပ်တင်းတင်းကိုင်ထားကာ ဖြတ်သွားနေသည့် ကားတွေကိုသာ ခပ်ငေးငေး ကြည့်နေလေရဲ့။

“ကိုးလ် မင်းအိမ်ထောင်ပြုခဲ့ရင် ဘယ်လိုလူမျိုးကို ရွေးခြယ်မှာလဲ”

သူ့ဘက်လှည့်လာကာ မေးလာတဲ့ ဖင်လ် မျက်ဝန်းတွေကို ကိုးလ် အလေးနက်ထား စိုက်ကြည့်ကာ ။

“ကျွန်တော် ချစ်တဲ့သူကို”

ဖင်လ် မျက်ဝန်းတွေကို စိုက်ကြည့်ပြီး ဖြေလာသည့်  ကိုးလ် စကားကြောင့် နှစ်ယောက်သာ အကြည့်ချင်းဆုံနေကာ အကြာကြီး ငေးကြည့်နေကြလေသည်။

တစ်ယောက် မျက်ဝန်း တစ်ယောက် စိုက်ကြည့်ကာ ဘာစကားမှ မဆိုကြတော့ တိတ်ဆိတ်နေသည့် သူတို့နှစ်ယောက်ဟာ ကိုယ်စီ အတွေးများနှင့်ပင်။

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now