တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Start from the beginning
                                    

ဒီအ​ကြောင်း ​ပြောကာမှ တရားဝင်ဆား​တွေက ဘာလို့ ​စျေးအရမ်းကြီး​နေရတာလဲ... သီးသန့်ဆားကိုပဲ ​ကောင်း​ကောင်းမွန်မွန် ​ရောင်းနိုင်​အောင် လုပ်​ပေးလို့ မရဘူးလား... အ​ကြောင်းအရင်းတစ်ချက် အ​နေဖြင့် တရားဝင်ဆားနှင့် ​မှောင်ခိုဆားအားလုံးမှာ အမှန်တကယ်တွင် ဤ​နေရာရှိ မိသားစုတစ်ခုတည်းမှ ​ရောင်းချကြခြင်း ဖြစ်သည်။

ဟုန်ကျန်း ဆားလွင်ပြင်မှာ အခြားပိုင်နက်နယ်​မြေ ဖြစ်ကာ မည်သူမှ ထိရန် ခွင့်မပြုထား​ပေ။ ထို့​ကြောင့် ​မှောင်ခိုဆား​ရောင်းချရန် ပင်လယ်ဘက်သို့ သွားရဲကြ​သော ကုန်သည်​လေးများမှာ မိသွားသည်နှင့် ညှာတာမှုမရှိ သတ်ခံရ​ပေလိမ့်မည်။

"အင်ပါယာ တရားရုံး​တော်က ဆား​စျေးကွက်ကို သတိမပြုမိခင်က အင်ပါယာ အ​ထောက်​တော်က နှစ်​တွေအကြာကြီး အလုပ်များခဲ့ရတယ်... ​နောက်ဆုံးကျ စွန့်ပြစ်ထားတဲ့ သား​​တွေနဲ့ အပယ်ခံ​တွေကိုပဲ ရှာ​တွေ့ခဲ့တယ်​လေ"

ယန်ကျင်းက​ ​ထပ်ပြောလိုက်သည်။ မ​ရေတွက်နိုင်​သော ဆား​​လွင်ပြင်များကို ထိန်းချုပ်သည့် ထိပ်တန်း ဆား​မှောင်ခိုသမားများက သူတို့၏ ဆားများကို အခြားမိသားစုများအား ​ရောင်း​ပေးကြသည်။ ထိုမိသားစုများက အဆက်အသွယ်အချို့ ရှိကြသည်။ သူတို့က ချမ်းသာ​သော ကုန်သည်တစ်​ယောက်လည်း ဖြစ်​ကောင်း ဖြစ်နိုင်ပြီး တရားရုံး​တော်က အကြိမ်တိုင်း စုံစမ်းစစ်​ဆေးမှု ​ဆောင်ရွက်ပြီးမှသာ သူတို့ကို ရှာ​တွေနိုင်ခဲ့သည်။

​​သေချာ​ပေါက် သူတို့ကို ရှာ​တွေ့ရုံမျှဖြင့် ဘဏ္ဍာ​ငွေအချို့နှင့်အတူ တရားရုံး​တော်ကို ​​​ကျေနပ်သွား​စေပြီးသား ဖြစ်ကာ ထိုမှတဆင့် မည်မျှ အကျိုးအမြတ် ရ​နေ​ကြောင်း ​တွေးကြည့်​နိုင်​ပေသည်။

ယန်ကျင်း၏ စကားများကို ကြား​သောအခါ ကျန်းကျန့်က တရားဝင်ဆားနှင့် သီးသန့်ဆား ​စျေးကွက်များမှာ ရင်းနှီးမြှုပ်နှံမှု ကွန်ရက်ကြီး တစ်ခုကို တည်​ဆောက်ထားပြီး ဤဘက်မှ အ​ရေးကြီး​သော အရာရှိများပင် ၎င်းတို့အတွင်း ပါဝင်ပတ်သက်​နေကြ​ပေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now