ရှောင်ဝူယိတို့သည် ရွာလယ်ရှိ ရှန်းယန်မူလတန်းကျောင်းအား ရှာဖွေရန် အချိန်သိပ်မကြာလိုက်ချေ။

မကြာမီမှာပင် မှောင်မဲနေသည့် အခန်းလေးထဲတွင် သော့ပိတ်ခံထားရသည့် နာနာသည် ရှောင်ဝူယိတို့အား အာရုံခံမိသည်ကြောင့် ကလေးများမှာ အော်ဟစ်ငိုကြွေးမိကြသည်။

သူတို့အားလုံး ကယ်တင်ခြင်းခံရတော့မည်ပင်။
……

မုန့်ကွမ်းယောင်သည် ဤကဲ့သို့သော ရွာပျက်လေးထဲမှ တောင်တစ်လုံးအား ရှာတွေ့ကြလိမ့်မည်ဟု စိတ်ကူးခဲ့ဖူးခြင်း မရှိချေ။ ကနဦးတွင် သာမန်ရှင်သန်သူ တစ်ဦးအသွင် ဟန်ဆောင်လိုခဲ့သော်လည်း ထိုသူများအား နှုတ်ဆက်ဖို့ရန် ထွက်လာသည်နှင့် သူ့ထံသို့ ပုဆိန်တစ်လက် ပျံသန်းလာလေသည်။

ကံကောင်းစွာဖြင့် သူ၏ပထမဆုံး တုံ့ပြန်ချက်မှာ စွမ်းရည်ကို အသုံးချလိုက်ခြင်းဖြစ်ပြီး ပုဆိန်အား တားဆီးနိုင်သည် ဆိုရုံမျှသာဖြစ်သည်။

မုန့်ကွမ်းယောင်သည် လျှပ်တပြက်အတွင်းမှာပင် အရာအားလုံးကို နားလည်သိရှိလိုက်ပြီး အိမ်ထဲတွင် သိမ်းဝှက်ထားသည့် ယုန်ပေါက်များအား ဆဲရေးလိုက်သည်။

လေထုထဲတွင် အနက်ရောင်အပါချာတစ်ခု ထွက်ပေါ်လာပြီး လျှို့တာရှန်၏ ပုဆိန်အား ချိတ်ပိတ်လိုက်သည်။ လျှိုတာ့ရှန်သည် သူ၏လက်အားမြှောက်ကာဖြင့် ပုဆိန်အား အကြိမ်ပေါင်းများစွာ ပြန်လည်ဆွဲယူသော်လည်း ကျရှုံးခဲ့သည်။ လျှိုတာ့ရှန်သည် အဝေးတွင်ရှိသည့် ထိုလူကိုသာ စိုက်ကြည့်နေမိသည်။

သွင်ပြင်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် မုန့်ကွမ်းယောင်၏ မျက်နှာမှာ ရိုးသားပုံရပြီး လူသားများနှင့် တိရစ္ဆာန်များအား အန္တရာယ်ပေးမည့်ဟု မထင်ရချေ။ ထိုကဲ့သို့ သွင်ပြင်ရှိသည့် အသက် ၃၀ အရွယ် လူများမှာ ယုံကြည်စိတ်ချဖို့ရန် အလွန်လွယ်ကူလှသည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် မုန့်ကွမ်းယောင်၏ သွင်ပြင်တစ်ခုလုံးအား ထိတ်လန့်ဖွယ်ရာ ဖြစ်ပေါ်စေသည်။

“ရောက်လာတာနဲ့ လူတွေကို နှုတ်ဆက်တာကတော့ ကောင်းပါတယ်.. ဒါပေမဲ့လည်း ကျောင်းထဲမှာ အကြမ်းဖက်တာကို ခွင့်ပြုမထားဘူးနော်..”

  ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)Where stories live. Discover now