ရန်ကင်းတောင်ဆိုတာ
မတ်စောက်၏ အကွေ့ပိုများ၏
တောင်ထိတ်ရောက်ဖို့ ဆိုင်ကယ်နဲ့တတ်မယ်ဆို
အလွန်အန္တရာယ်များလှသည်။

" ပြန်ဆင်းကြမလား"

"အေး ပြန်ကြတာပေါ့"

"ဒါကဆုကြေးငွေ"

ဆိုင်ကယ်ပြိုင်မောင်ကြသည့် ပြိုင်ပွဲမှာ
ပါဝင်သည့်လူတွေက တစ်ယောက်တစ်သိန်းထုတ်ကာ ဘုံငွေအဖြစ် ထားသည်။

ရှုံးတဲ့လူလေးယောက် ထည့်ဝင်ထားသည့်
ပိုက်ဆံတွေကို မာန်သမိုင်း သိမ်းယူလိုက်ပြီး
အောင်နိုင်သူအဖြစ် တောင်အောက်ကို
ဆိုင်ကယ်စတပ်ရိုက်ပြီး ပြန်ဆင်းခဲ့လိုက်သည်။
အရွယ်ရောက်ပြီးကတည်းက ဆိုင်ကယ်စီးခြင်းကိုခုံမင်ခဲ့ပြီး အဒေါ်အပျိုကြီး၏
ပန့်ပိုးမှု့ရယ် ပြိုင်ပွဲရှိချိန်အနိုင်ရသည့်
ဆုငွေတွေနဲ့ မော်ဒန်မြင့်ဆိုင်ကယ်မှန်သမျှ
ထည်လဲစီးနိုင်ခဲသည်။

*******
ကမ္ဘာဗိုလ်သည် ရေအိုးနဲ့မိုင်လိုကို လက်ဆွဲထားရင်း သူတို့အိမ်ကိုရောက်တော့ သူတို့မေမေကဝမ်းသာအားကြိုလေသည်။

"သားကအချောလေးကွယ် လာ သား"

"တွေ့ရတာဝမ်းသာပါတယ်အန်တီ
နောက်တစ်ခါကြမှ မုန့်ဝယ်လာမယ်နော်
အခုလာတာ ခဏထွက်လာတာဆိုတော့
ဝယ်ချိန်မရခဲ့လို့"

"မလိုပါဘူးသားရယ် ထိုင်နော်
အန်တီ မုန့်ပြင်ပေးမယ်"

ရေအိုနဲ့မိုင်လိုတို့အိမ်က သူတို့မေမေရဲ့
အိမ်ရှင်မပီသမှု့ကြောင့် သပ်ရပ်လွန်းသည်။
အမှိုက်တစပင်မရှိ မြင်ရတာ နေချင်စဖွယ်ကောင်းလှသည်။

အန်တီယူလာပေးသည်မုန့်က အန်တီပြောပြချက်အရ ကမ္ဘာဗိုလ်မစားဘူးသည့် မုန့်ဆန်းလို့ခေါ်တာတဲ့ ကောက်ညှင်းပြားပြားလေးကို အုန်းနို့ နို့ဆီ သကြား အုန်းသီးတို့နဲ့နယ်ထားတာလို့
ရှင်းပြလာသည်။

"စားကောင်းလား သား"

"ဆိမ့်ဆိမ့်လေးနော် အန်တီ"

"မခင်မွှေးရေ"

"ရှင် အစ်မကြီး..... သား စားနော်"

အန်တီက မုန့်ဆန်းထည့်ထားသည့်ပန်းကန်ကို
ကိုင်ပြီး အိမ်ရှေ့ကခေါ်သူထံ
ထွက်သွားသည်။ပြန်လာတော့
စောစောကယူသွားသည့် မုန့်ဆန်းပန်းကန်ထဲ
မုန့်တစ်မျိုးယူလာသည်။ ယူလာသည့်မုန့်ကို
ကိုယ့်ရှေ့ချပေးတော့ ဘာလဲမေးကြည့်ရာ
ဌက်ပျောပေါင်းလို့ခေါ်တာတဲ့လေ။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now