Part - 28

303 44 0
                                    

မင်္ဂလာ၀တ်စုံနဲ့ ပက်သတ်ရင် မက်သရူးမှာ စိတ်ဒဏ်ရာရှိတယ်။ ထယ်ရယ်နဲ့ ရစ်ကီ အရောင်အတွက် ငြင်းနေရတယ်လို့ ကိုကို့ကို ပြောပြတော့ ကိုကိုကလည်း ရယ်‌မနေပါ။ ကိုကိုက မက်သရူး ဒဏ်ရာတွေကို အသိဆုံးသူမလား။

"မက်ချူး"

ဆိုပြီး လက်ကို ကိုင်နေတာမို့

"အာ ကိုကိုကလည်း"

ဒီလိုတော့လည်း ကိုကို့ကိုပါ စိတ်မကောင်းမဖြစ်စေချင်။

@@@@@@@@@@@@@@@@@@@

မမလေးကို ခိုးဖို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်တဲ့။ ဟန်ဘင်းကတော့ ဆော့မက်သရူးကို ပိုးဖို့ ရှိသမျှလူ အကုန်တိုင်ပင်နေရတယ်။ မက်သရူးက ဘယ်လိုပုံစံမျိုးကို သဘောကျလည်းဆိုတာမျိုးကို ကိုယ်တိုင်လည်း လေ့လာရသလို သူများတွေ အမြင်ကိုလည်း လိုက်မေးရတာ အမောပင်။ ခုလည်း အခန်းထဲက ကုတင်ပေါ်မှာ မက်သရူးက ထယ်ရယ်နဲ့ ရစ်ကီတို့ လက်ထပ်ပွဲအကြောင်းပြောနေတယ်။ ဟန်ဘင်းက စိတ်မကောင်းမိသွားတော့ မက်ချူးလေးက ပို စိတ်မကောင်းဖြစ်သွားတယ်။

ကိုင်ထားတဲ့ မက်သရူးလက်ကို ခဏလွှတ်လိုက်ပြီး ခေါင်းအုံးအောက်မှာ အသင့်ဖွက်ထားတဲ့ လက်စွပ်ဘူးကိုယူကာ

"ဆော့မက်သရူး ကိုကို့ကို လက်ထပ်ပေးနိုင်မလား"

ဆိုတော့ မက်သရူး မျက်နှာက အံ့အားသင့်ပြီး ခဏနေမှ ပျော်ကာ

"အင်း အင်း" တဲ့။

ဆော့မက်သရူးဆိုတဲ့ ကောင်လေးက စပရိုက်တွေဆို လူတွေအများကြီးရှိတာထက် နှစ်ယောက်တည်းရှိတဲ့အချိန်မှာ လုပ်ပေးတာကို ပိုသဘောကျတယ်တဲ့။

မက်သရူး လက်ကို လက်စွပ်၀တ်ပေးပြီးတာ့ မက်သရူး ကိုယ်လေးကို ပွေးထားတဲ့အခါ ရင်ခုန်သံက ဝုန်းဒိုင်းကြဲ။ မက်သရူးရော ဟန်ဘင်ပါ အခုမှ ချစ်ဖူးကြသလို ရင်ခုန်နေခဲ့တာ။

@@@@@@@@@@@@@@@@@@@@

လက်ထပ်ဖို့ကိစ္စကို အကုန် မက်သရူး သဘောကြည့်ပဲ စီစဉ်တယ်။ နေ့ရက်က မက်သရူး မိဘတွေရော ဖိုးဖိုးရော တက်နိုင်လောက်တဲ့ အချိန်ကို မှန်းစီစဉ်ရတယ်။ နေရာကတော့ ဟန်ဘင်းနဲ့ မက်သရူးတို့ ရင်ခုန်သံချင်း ထပ်တူကျခဲ့တဲ့ ဟန်ဘင်း မက်သရူးအတွက် ရည်ရွယ်ပြီး စိုက်ခဲ့တဲ့ပန်းခြံမှာပဲ မက်သရူးက လုပ်ချင်တယ်တဲ့။ မိဘတွေနဲ့ ရင်းနှီးတဲ့သူ နည်းနည်းလေးပဲ ဖိတ်ကာ Private ဆန်ဆန်လေး လုပ်ချင်တယ်တဲ့။ ဟန်ဘင်းကတော့ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်လုပ်ချင်ပေမယ့် တကယ်တော့ မင်္ဂလာပွဲဆိုတာ ချစ်တဲ့သူပျော်ဖို့က အဓိကပဲမလား။

My hornable love (Complete)Where stories live. Discover now