အပိုင်း (၁၂)

Start from the beginning
                                    

"... မင်းကို လူတွေအများကြီး မြင်တာ မကြိုက်ဘူးလို့ ပြောထားတယ် မလား? ဘာလို့ ပန်းဗန်းကို ကိုင်ပြီး တစ်ပတ်လှည့်ပတ်ခဲ့တာလဲ?"

အစ်ကိုအကြည့်များက စူးစိုက်ကာ ရှိနေပြီး အစ်ကို့ ဓားသွားက မြည့်ကာ ရှိနေသည်...။ ကျွန်တော်လည်း ဘာမှမပြောနိုင်ဘဲ အစ်ကို့ကိုသာ ကြည့်နေမိသည်...။

"ပျိုးငယ်... ပျိုးငယ်က မမကေသီတို့နဲ့ နေမလို့ပါ...။ ဒါပေမယ့် အဲ့ဒီရွာက သူတွေက ပျိုးငယ်ကို ခေါ်ပြီး ပန်းဗန်းကို ကိုင်ခိုင်းတာပါ။ ပျိုးငယ်က ငြင်းမလို့ပါ အစ်ကိုရယ်...။ ပျိုးငယ်ကို ဘယ်သူ့မှလည်း ကြည့်မနေခဲ့ပါဘူး...။ ပျိုးငယ်မှာ အစ်ကိုပဲ ရှိတာပါ...။ အစ်ကိုနဲ့ပဲ ရှိနေချင်တာပါ...။ ဒါကြောင့် စိတ်ကို လျှော့ပါ အစ်ကို... ။ အစ်ကို့စိတ်ကို လျှော့ပေးပါနော်....။"

"......"

"ပျိုးငယ်က အစ်ကို့ရဲ့ လူ...။ အစ်ကို့အပိုင်ပါ... အစ်ကို့ဆီကနေလည်း ဘယ်သူမှ ပျိုးငယ်ကို လုမယူနိုင်ပါဘူး...။"

ထိုအချိန်မှာတော့ အစ်ကိုက ပျိုးငယ်ကို တစ်ချက်ကြည့်လာပြီး....

"... ဒါပေမယ့် မင်းကို ငါက လွဲပြီး ဘယ်သူမှ မြင်တာမျိုးကို မကြိုက်တာ...။ ဒီအလှတရားကို ငါပဲကြည့်မယ်လို့ ပြောထားတယ် မလား?ငါ တစ်နေကုန် ထိုင်ကြည့်မယ် ပျိုးငယ်...။ ဘယ်သူ့ကိုမှ မြင်ခွင့်မပြုနိုင်ဘူး ....။"

"... ဒါပေမယ့် အစ်ကို ပျိုးငယ်က ဘယ်သူ့ကိုမှ လိုက်မကြည့်နေသလို... မြင်လည်း မမြင်ခိုင်းပါဘူး...။ ပျိုးငယ်က ဒီအတိုင်း ရှိနေခဲ့ရုံလေးပါ...။"

"ပျိုးငယ်..
မင်းကိုလေ.... ငါက စ တွေ့ကတည်းက ဘယ်လောက်တောင် ရူးခဲ့လဲ သိလား? မင်း လူအများကြီးရှေ့မှာ ရှိနေရင်တောင် မင်းကို ကြည့်တဲ့ မျက်လုံးတွေ အကုန်လုံးကို ဖောက်ထုတ်ပစ်ချင်လောက်တဲ့အထိ....။ မင်းကို သတိရတဲ့ အတွေးနဲ့ ငါ အိပ်လို့မရဘူး...။"

"...အစ်ကို..."

"... မင်းကို ပိုင်ဆိုင်ချင်တယ်... ငါ အပိုင်ယူဖို့ပဲ တွေးနေခဲ့တာ...။ ဘယ်လောက်တောင် တွေးခဲ့သလဲဆိုရင် မင်းမှာ အသက်မရှိတော့ရင် ငါ တစ်ယောက်တည်းများ ဖွတ်ထားလို့ ရပြီလားပေါ့...။ မင်းကို အခန်းတစ်ခုထဲ တစ်သက်လုံး ပိတ်ထားချင်တာ...။"

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (s2- complete)Where stories live. Discover now