မိနစ်အနည်းငယ် အကြာ...
ဘုန်းကြီးကျောင်းက ပြန်လာပြီးသည့်နောက် အစ်ကိုက ကျွန်တော်လက်ကို မလွှတ်လာသေးဘဲ မီးဖိုခန်းမှ သိမ်းဆည်းထားသည့် ဓားတစ်လက်ကို ယူလာသည်...။
ထိုဓားက မသုံးတာ ကြာသဖြင့် အရင်လို မြည့်နေတာမျိုး မဟုတ်တော့...။ အစ်ကိုက ထိုဓားကို ဆွဲထုတ်လာပြီး အိမ်ရှေ့က ရေချိုးသည့် နေရာက မြေကြီးထဲမှ နေရာချန်ကာ ထည့်ထားသည့် ဓားသွေးကျောက် ရှိရာသို့....။
"... ဒီကိုလာ..."
ဘုန်းကြီးကျောင်းက ပြန်လာပြီးသည့်နောက်မှာတော့ အစ်ကိုက ကျွန်တော့်ကို သူ့ရင်ခွင်ထဲက ပုဆိုးလုံကွင်းထဲ ထည့်ထားပြီး ဓားသွေးကျောက်ပေါ် ဓားကို မြည့်စေသည်...။ ဓားသွေးကျောက်ပေါ်မှာ လင်းခနဲ လက်ခနဲ ဖြစ်နေသည့် ဓားကတော့ အသေအချာကို မြည့်နေသည့် ပုံ....။
အစ်ကိုက သူ့စိတ်ကြိုက် ကျွန်တော့်ကို ရင်ခွင်ထဲ ထားကာ ဓားသွေးနေရင်းမှ တစ်ခဏ အကြာမှာတော့ အသွားမြည့်သည့် ဓားကို သူ့လက်မဖြင့် ဖိပွတ်သ ပြီးသည့်နောက်...
"... ဒီမျက်နှာကို လူအများကြီး ကြည့်နေစေခဲ့တာပေါ့...။ လူတွေအများကြီး မြင်မှာစိုးလို့... စိတ်ချလောက်တဲ့ နေရာမှာ မနေခဲ့တဲ့ အတွက်ရော..."
အစ်ကိုက ဘာမှဆက်မပြောသေးဘဲ ဖွဖွ ပြုံးသည်...။ ဒီအချိန်က အိမ်ကလူတွေ အကုန်လုံးက ကထိန်ပွဲကြောင့် ကျောင်းမှာ ရောက်နေသည်မို့ တစ်ယောက်မှ မရှိ...
ခဏအကြာမှာတော့ အစ်ကိုက သူ့လက်ထဲမှ မြည့်ပြီး ထက်ဟန်ရှိနေသည့် ဓားဦးစွန်းကို
သူ့ရင်ခွင်ထဲမှ အောက်သို့ ချထားသည့် ခြေထောက်မှ ခြေညှိုးနှင့် ခြေမ မကြား ရုတ်တရက် ထောက်ကာ စိုက်ချလာသည်....။"Babe..."
သြရှနေသည့် အစ်ကို့အသံနှင့်အတူ...
အစ်ကို့အကြည့်...
အစ်ကို့အကြည့်များက... စူးရှကာ ရှိနေသည်....။ခြေညှိုးနှင့် ခြေမအကြားမှ သူ့ဓားဦးစွန်းကို လှည့်နေတော့ ဓားသွားများက လှည်ထွက်နေပြီး ကျွန်တော့်ခြေညှိုးနှင့် ခြေမအကြား အသည်းယားဖွယ်ရာပင်....။
အပိုင်း (၁၂)
Start from the beginning