လသာဆောင်က ကိစ္စတွေကိုရှင်းပြီးတော့ သူတို့တွေ ခန်းမထဲပြန်၀င်လာကြသည်။ပွဲပြီးခံနီးမို့ လူလည်းသိပ်မရှိတော့။
နှစ်ဖက်မိဘနဲ့အသိတွေဘဲကျန်ခဲ့တော့တယ်။
"အော် သားတို့လာပါအုံး"
ဉီးထွန်းသစ္စာက စကားပြောနေရင်း ဘန်တို့ကိုလှမ်းမြင်လိုက်တာကြောင့်ခေါ်လိုက်သည်။
"ငြိမ့် အမေတို့ပြန်တော့မယ်နော် လိမ်လိမ်မာမာနေနော်"
"ဟင် အမေတို့ကဘယ်သွားမှာလဲ သားနဲ့အတူနေလေ"
ငြိမ့် မျက်လုံးတွေဝိုင်းသွားပြီး ပြောလိုက်မိသည်။ဒေါ်ခင်နွယ်ယဉ်က ငြိမ့်ရဲ့ခပ်ကောက်ကောက်ဆံပင်တွေကို ဖွာလိုက်သည်။
"နေမှာပေါ့ သားရဲ့ဒါမဲ့ဒီညတို့ သားတို့ဘဲအတူနေကြနော်"
"ဟင်......."
ဒေါ်ခင်နွယ်ယဉ်ရဲ့စကားက ဘာကိုဆိုလိုမှန်းမသိတော့ ငြိမ့် ကြောင်သွားတာအမှန်။
"ဒါဆို ဉီးလေးတို့သွားတော့မယ်နော် ဘန် ငြိမ့်ကိုသားလက်ထဲအပ်ပါတယ်နော် "
"ဟုတ်ကဲ့"
ဆိုကာ ဉီးထွန်းသစ္စာတို့လည်း အမြန်ထွက်သွားဖို့လုပ်တော့သည်။သူဒီမှာဆက်နေရင် ငြိမ့်အာပြဲကြီးနဲ့ငိုတော့မယ်ဆိုတာကြိုသိသည်။အခုတောင် မျက်ရည်ဝိုင်းလာတာကို ဘန်သတိပြုမိသည်။ကျန်ခဲ့တဲ့သူ့အဘိုးတို့ကိုလည်း နှုတ်ဆတ်လိုက်သည်။
အခန်းအနားပြီးသွားတော့ ဘန် ငြိမ့်လက်ကိုဆွဲကာ သူ့ကားဆီခေါ်လာသည်။လမ်းတလျှောက် ငြိမ့်မရုန်းကန်ဘဲ ငြိမ်သက်နေသည်။ကားဆီရောက်သည်နှင့် ဘန်ပြောစရာမလိုဘဲ
ငြိမ့် ကားထဲ၀င်လိုက်သည်။
ဘန်သိတယ် ဒီကလေးပြီးရင်ငိုတော့မယ်ဆိုတာ။ဧည်သည်တွေရှေ့မှာမို့ ရင့်ကျက်ပြနေတာလေ။သူ့လည်းကားထဲ၀င်တော့မယ်လုပ်တော့
"ဟေး ခန"
"ဘာလဲ"
သူတို့နောက်ကိုပြေးလိုက်လာတဲ့ ဘုန်းခနဲ့မင်းခန့်ရှိုန်။လက်ထဲမှာလည်း ပန်းစည်းမဟုတ်ဘဲ ပစ္စည်းတစ်ခု။သေတ္တာတစ်ခုလည်းပါ၀င်သည်။
YOU ARE READING
Coffee With Honey (Complete)
Fanfictionကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။
