Chapter 202

762 50 4
                                    

Unicode

၂၀၂

နေရာကျယ်ဝန်းသော VIP အခန်းထဲတွင် ယောကျာ်းပျိုတစ်ဦးသည် မျက်လုံးတွေကိုဖြေးညှင်းစွာဖွင့်လိုက်ပြီး အဖြူရောင်မျက်နှာကျက် ကိုတွေ့လိုက်ရသည်။

လူနာကုတင်၏အရှေ့တွင် ဆေးပုလင်းအလွတ်များကိုချိတ်ဆွဲထားပါသည်။ လက်ဖမိုးတွင် စိုက်ဝင်နေသော အပ်သည် အဆင်ပြေနေပြီး သူ့စိတ်ထဲတွင်ရှိနေသောပုံရိပ်များသည် မှုန်ဝါးနေရာကနေ ပြတ်သားကြည်လင်လာပါ၏။ သူ့အတွက် ဆေးပုလင်းလဲပေးရန် သူနာပြုဆရာမလေးတစ်ယောက် ဝင်လာပြီး သူ နိုးနေတာကိုတွေ့သွားသောအခါ အမြန်ပင်ထွက်သွားပြီး ဆရာဝန်တစ်ယောက်ကိုခေါ်လိုက်သည်။

" သူ့အခြေအနေ ဘယ်လိုရှိလဲ "
ဟန်ချန် သည် စိတ်လှုပ်ရှားစွာဖြင့် စစ်ဆေးရန်အတွက်ရောက်ရှိလာသောဆရာဝန်ကိုမေးလိုက်သည်။

" ကလေးရော လူကြီး ရောက အန္တာရယ်ရှိတဲ့ကာလကိုဖြတ်ကျော်သွားခဲ့ပေမဲ့ နောက်ကျရင် အဲ့တာကိုပိုပြီးအာရုံစိုက်သင့်တယ် အခု သန္ဓေသားက မတည်ငြိမ်သေးဘူး သူ့မှာ စိတ်ပိုင်းဆိုင်ရာအတက်အကျတွေအရမ်းများနေတယ် "

"...Umm "

ဆရာဝန်သည် ဟန်ချန် ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ......
" မင်း ကလေးအဖေဘယ်လိုဖြစ်လာလဲဆိုတာတော့ ငါမသိဘူး ကိုယ်ဝန်က နှစ်လ နီးပါးလောက်ရှိနေပြီ ဒါပေမဲ့အခုအချိန်ထိကို စစ်ဆေးကြည့်ဖို့အတွက် ဆေးရုံကိုခေါ်မလာခဲ့ဘူး စစ်ဆေးထားတဲ့ရလဒ်တွေအရ တော့သူကိုယ်ဝန်ဆောင်တာပထမဆုံးမဟုတ်လောက်ဘူး "

"....."

ဒီရက်ပိုင်းအတွင်း ချောင်ယွမ် မေ့မြောနေတဲ့အချိန်တွင် ဂရုတစိုက်ဖြင့် ဟန်ချန်သည် သူ့အားစောင့်ကြပ်ပေးခဲ့သည်။ ဆရာဝန်သည် ဟန်ချန်ကိုချောင်ယွမ်၏ ခင်ပွန်း အဖြစ်မှတ်ယူထားခဲ့ပြီး ဟန်ချန်ကလဲအဲ့တာကိုဘယ်တုံးကမှငြင်းဆိုခြင်းမရှိခဲ့ပေ။

ချောင်ယွမ် ၏ မျက်လုံးတွေပွင့်နေလျက်နဲ့ပင် သူတို့ပြောနေကြတာတွေကိုနားထောင်ကြည့်နေလိုက်သည်။

သူအတိတ်ကိုပြန်သတိရသွားသည်။

တစ်ယောက်ယောက်ကသူ့အား Vedio အပြည့်အစုံကိုပေးပို့လာပြီး အဲ့ဒီ့နောက်တွင်တော့ သူ့အသိစိတ်တွေသည်ပရမ်းပတာဖြစ်သွားကာ မေ့မြောသွားတော့သည်။

Strong Offense ( Book 2 mmtran )Where stories live. Discover now