Joah ( 좋아 )

288 28 5
                                    

In Seoul University

*You Have a new massage from Kakao group chat *

Soomin [ သတင်းကောင်းရှိတယ် သူငယ်ချင်းတို့]

Minji [ ဘာသတင်းလဲ ဘာသတင်းလဲ ]

Yuna [ အာ..မြန်မြန်ပြောပါတော့ သိချင်လို့ရူးတော့မယ် ]

Soomin [ ဂီတမေဂျာတတိယနှစ်စီနီယာဂင်မ်ဂယူဗင်းကိုသိတယ်မလား ]

Minji [ သိတာပေါ့ ဒီလောက်နာမည်ကြီးတာ ]

Yuna [ ငါ့ရဲ့အနာဂတ်သတို့သားလောင်းလေးလေ ㅎㅋㅎㅋ ဆိုပါဦး စီနီယာဂယူဗင်းကဘာဖြစ်လို့လဲ ]

Soomin [ စီနီယာဂယူဗင်းကငါတို့ပထမနှစ်တွေကိုဂစ်တာတီးသင်ပေးမှာတဲ့ အားးး ]

Minji [ တကယ်ကြီး ? ]

Yuna [ ဝါးး သေလောက်တယ် ။ ငါဒီမေဂျာယူရတာကိုဘယ်‌ေတာ့မှနောင်တရတော့မှာမဟုတ်ဘူး ㅎㅎ ]

Seen by HAN-YUJIN ( 한유진 )

**

တချွင်ချွင်မြည်နေသည့် group chat ကို၀င်ကြည့်ရုံသာကြည့်ပြီး ယူဂျင်းဘာမှ၀င်မပြောဖြစ်တော့ ။ ယူဂျင်းက နဂိုတည်းက စကားသိပ်ပြောတဲ့သူမဟုတ်ပါ ။ အမြဲတမ်း မျက်နှာတည်နေတဲ့ ယူဂျင်းကို ဘယ်သူမှလည်း စကားမပြောချင်ကြဘူး‌ေလ ။ ဆူမင်း ၊ မင်ဂျီ ၊ ယူနာ ဆိုတဲ့ သူငယ်ချင်းမလေး သုံးယောက် တော့ရှိသည် ။ လွန်ခဲ့တဲ့တစ်ပတ် Uni စ,ဖွင့်ပြီးဒုတိယ‌မြောက်နေ့မှာ သူတို့သုံးယောက်က ယူဂျင်းဘေးခုံမှာ လာထိုင်ပြီး အချင်းချင်း မိတ်ဆက်ကြသည် ။ ယူဂျင်းရဲ့kakao accတောင်းပြီးသူတို့ရဲ့ group chatထဲထည့်သွားသည်‌ေလ ။ သုံးယောက်စလုံးကတော့ သဘောကောင်းမည့်ပုံပေါ်ပါသည် ။ ဒါပေမယ့် တကယ့်စပ်စလူးလေးတွေ ။

ယူဂျင်းငယ်ငယ်တည်းက piano တီးရတာကိုသဘောကျလို့ ဂီတမေဂျာကိုရွေးခဲ့တာ ။ အခုတော့ pianoထက် သဘောကျသည့်အရာ ရှိနေပြီမို့ ဂစ်တာအတန်းကို ပြောင်းတက်နေပြီလေ ။
မင်းတို့သိလား ။ ကျူးလစ်ပန်းလေးနဲ့ တူတဲ့အချစ်ဦးဆိုတာကို ။ သူတို့ကိုမြင်သည်နှင့် ရိုးရှင်းမှု ၊ သိမ်‌မွေ့မှု ၊ နူးညံ့မှု ၊ တင့်တည်လှပမှု တို့ကို အတိုင်းသားတွေ့ရသည် ။ ယူဂျင်းအတွက်တော့ စီနီယာရစ်ခီက အဲ့လိုကျူးလစ်ပန်းလေးပဲ ။


My Hypa BoyWhere stories live. Discover now