ဖြစ်သွားပါလိမ့်မယ်

~ချွင်းချက်တော့ရှိတယ် ဂျွန်

အဲ့ဒီ ပန်းချီ တစ်ချပ်မှာ

"မင်း"ပါဝင်နေမှ

ကိုယ်"မြတ်နိုးတဲ့ပန်းချီ" ဖြစ်လာမှာ~

.
.
.
.
.
.
.
.
.
.
.
"အိုဆယ်ဟွန်း!"

"အိုဆယ်ဟွန်းရေ.!!!"

"ဒေါက် ဒေါက်!!"

"အိုဆယ်ဟွန်း!!"

"ဟင် ဒီ ကလေး ဒီလောက်ခေါ်နေတယတောင်မနိုးဘူး ဘာဖြစ်နေပါလိမ့်"

"အိုဆယ်ဟွန်း!!"

အိုမားမားတော့ သူ့ရဲ့ချစ်လှစွာသော သားလေးကို ခေါ်နိုးနေရသည်မှာ တစ်ရပ်ကွက်လုံး ကြားတော့မည် ဒင်း လေးကတော့ နိုးမလာ.

အိုမားမားလည်း စိတ်မရှည်တော့

အထဲကကောင်လေးကတော့လား အိပ်ယာပေါ်ဝပ်လျားမှောက်ကာ မျက်နှာတစ်ခုလုံးပန်းနဲ့ပေါက်ထားသလို အပြုံးပေါ်အပြုံးဆင့်ကာ အိပ်မောကျနေလေပါရဲ့

"အိုဆယ်ဟွန်းးး!!!!"

"ဗျာ! ဗျာ! အိုမား!!"

အိုမားမားစိတ်မရှည်ကာ သော့အပိုယူကာဖွင့်ပြီး အခန်းထဲထိ လာအော်လှုပ်နိုးမှာ အလန့်တကြား ပြူးကြောင်ကြောင်လေးနဲ့ နိုးလာတဲ့ သူလေးရယ်ပါ..

"ဘယ် အချိန်ရှိပြီလဲ အိုဆယ်ဟွန်း"

"ဟင်! အိုမား!"

"အိုဆယ်ဟွန်း မင်းဘယ်ချိန်ထိအိပ်ဖို့စဉ်းစားနေတာလဲ နာရီလဲကြည့်အုံး နေ့လည်ရောက်တော့မယ် ကျောင်းလေးပိတ်တုန်းမနှိုးပဲ ထားထားတော့ ထားတဲ့အတိုင်းအိပ်တယ် လူ ထ ချိန် တော့ ထမှပေါ့ ဆယ်ဟွန်းရဲ့"

"အိုမား ခန..ခနလေး သားခုမှနိုးတာလား ဟင်.!"

အိုမားမားတော့ ပြူးကြောင်ကာ သူ့ကိုမေးလာတဲ့သားမေးခွန်းကြောင့် ကိုယ့်နှဖူးသာ ကိုယ်လက်နဲ့ရိုက်လိုက်မိတော့သည်

JUNTahanan ng mga kuwento. Tumuklas ngayon