ကလောမြေရဲ့ည

Start from the beginning
                                    

အပြင်ဘက်မှာ ပိုပြီးအေးစက်လာပြီမို့ ကိုယ်ပေါ်က ဒေါက်တာကို ပွေ့ချီကာ အိပ်ခန်းဆီသို့သယ်လာခဲ့သည်။ ဧည့်ခန်းနှင့်ကပ်လျက်က အခန်းရှိသော်လည်း  အပေါ်ထပ်က အခန်းမှာ မနက်ခင်းအိပ်ရာထချိန် လှမ်းမြင်ရသည့် ရှုခင်းက လှသည်မို့ အပေါ်ထပ်အခန်းမှာသာ အိပ်ဖို့ရွေးလိုက်သည်။

ဝရံတာကို ဖြတ်ကာ အခန်းတွင်းဝင်လိုက်ချိန် အပေါ်ထပ်က ပိုပြီးအေးနေလေရာ အရုဏ်သဦးကို  ကုတင်ပေါ်ချပြီးသည်နှင့် စောင်အထူကို ဆွဲယူကာ လုံအောင် ထွေးခြုံပေးလိုက်သည်။

" မိုးသောက်...  လာလေ  "

သူ့လည်ပင်းကို သိုင်းဖက်ကာ ပြောလာသည့် စကားကြောင့် သူကိုယ်တိုင်လည်း ကုတင်ပေါ်  ခုန်တက်လိုက်တော့သည်။ အသားချင်းထိတွေ့နေသည့် ခန္ဓာကိုယ်အပူချိန် ဟာ ပြင်ပ က အအေးဒဏ်ကို အံတုဖို့ အကောင်းဆုံးပင်။
အိပ်ပျော်သွားပြီဖြစ်သော အရုဏ်ဦးကို ထွေးပွေ့ကာ သူကိုယ်တိုင်လည်း မျက်လုံးအစုံကို ​မှေးမှိတ်လိုက်တော့သည်။

ဆောင်းညတွေအလယ်မှာ ထင်းရှူးရနံ့တွေအပြည့်နဲ့  မောင့်ချယ်ရီက ရင်ခွင်ထဲရှိနေခဲ့ပြီမို့ အရာအားလုံးက ပြည့်စုံနေခဲ့ပါပြီ။

Extra 1

ရည်းစား မရှိတဲ့ စောင် FA က ကိုယ့်ဘာသာရေးပြီး စောင်ကိုက်နေရပြီ 

Zawgyi

အမှောင်ရိပ်ထဲမှ တောင်တန်းနှင့်ထင်းရှူးပင်တို့ဟာ ညမီးရောင်တွေကြောင့် မှန်ပြတင်းကိုဖြတ်လျက် မပြတ်မသား လှမ်းမြင်နေရပေသည်။ တံခါးအလုံပိတ်ထားသော်လည်း အေးစိမ့်စိမ့် နှင့်မို့ ကလောမြို့က ပိုလို့အေးသည်ဟုပင်ယူဆရပေမည်။ လုံးချင်းငှားထားသည့် အိမ်လေးထဲတွင်မူ သူနှင့် အရုဏ်ဦးတို့သာ နှစ်ယောက်တည်းရှိနေခဲ့လေသည်။

ကျယ်ဝန်းသည့်အိပ်ခန်း၊ အသုံးအဆောင်ပစ္စည်းတွေကလည်း စုံစုံလင်လင်မို့ သာမာန်မိသားစုအိမ်တစ်လုံးလိုပင်ခံစားရပေသည်။ ဧည့်ခန်းဟုဆိုရမည့်နေရာတွင် စားပွဲခုံနှင့် ကုလားထိုင်များက သပ်သပ်တစ်နေရာ ၊ သုံးထပ်သားကြမ်းပြင်မြင့်ပေါ်မှာ ထိုင်စရာဖုံတစ်ခုစီနှင့် စားပွဲဝိုင်းအပုလေးက သီးသန့်ရှိနေလေသည်။ ထိုကြမ်းပြင်ဘက်တွင်မူ နံရံကို မှန်အပြည့်ကာထားသည်မို့ အိမ်ရှေ့မြင်ကွင်းနှင့် တောင်တန်းတွေကို ထိုင်ငေးကြည့်နိုင်ပေသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now