သူရပ်ကာစဥ်းစား​နေတုန်းမှာပဲသူတို့ဆီကိုဂိတ်က​စစ်​ဆေး​ရေးရဲမက်က​လျှောက်လာသည်။

"​ဟေ့..ဘာလို့ရပ်​နေတာလဲ!..လာခဲ့ ဖြတ်သန်းခွင့်တံဆိပ်တုံးပြ.."

စစ်သူကြီးဝမ်ဟာသူ့က်ို​လေသံမာမာနဲ့​ပြောလာသူကို​မြင်း​​ပေါ်က​​နေ ငုံကြည့်သည်။
​အေးစက်ပြီးအင်အားကြီးတဲ့အ​ငွေ့အသက်ကိုခံစားလိုက်ရလို့ထင်။
သူတို့ဆီရဲမက်​လျှောက်လာတာက​တ​ဖြေး​ဖြေး​နှေးသွားပြီး ​​​နောက်ဆုံးရပ်သွားသည်။

ထိုအခါမှစစ်သူကြီးဝမ်ကစိုက်ကြည့်​​နေတာကို​ဖြေ​လျော့​ပေးလ်ိုက်ကာသူ့ရဲ့ခါးစည်းတံဆိပ်ပြားကို​မြှောက်ပြလိုက်သည်။
​နေ​ရောင်​အောက်မှာလင်းလက်​နေသည့် အရည်​ကောင်းသည့် အစိမ်းရင့်​ရောင်ကျောက်စိမ်း​ပေါ်မှာ ဝင့်ကြွား​နေသည့်
ဥ​ဒေါင်းပုံတံဆိပ်ကြောင့်ရဲမက်သူ့ကိုအလန့်တကြားကြည့်ကာ

"စစ်သူကြီးတံဆိပ်ပဲ...​ရှောင်းနိုင်ငံကစစ်သူကြီးလား.."

"ဟုတ်တယ်.."

"ရွှိီ...."

ရဲမက်လက်​ခေါက်ကိုခပ်ကျယ်ကျယ်မှုတ်သည်။ထိုရဲမက်၏အချက်​​ပေးသံအဆုံးမှာချက်ချင်းဆိုသလိုသူတို့​ဘေးကိုရဲမက်​တွေကဝိုင်းလာသည်။
ဂိတ်ရဲ့မြို့ရိုး​ပေါ်က​နေလဲ ​လေးတပ်ဖွဲ့ကသူတို့ကို လှမ်းချိန်ထားကာ တိုက်ခိုက်ဖို့အသင့်ပြင်၏။

ခဏချင်းပြင်ဆင်သွားတဲ့ဖြစ်အင်ကိုကြည့်ကာ ဌာနအတွင်းမှာအလွန်လျှင်မြန်​စွာနဲ့ချိတ်အဆတ်မိလွန်း​အောင်​လေ့ကျင့်​ပေးထားနိုင်သည့်ချန်နိုင်ငံက​လေ့ကျင့်​ရေး​ခေါင်း​ဆောင်​​တွေကိုသူကြိတ်ချီးကျူးမိသည်။
သူ​ရှေ့ကရဲမက်ကဆို၏။

"ငါတို့မင်းကြီးကအမိန့်ချမှတ်ထားတယ်။​ရှောင်းနိုင်ငံကစစ်သူကြီးကိုအ​သေ​ရရ အရှင်ရရ ရ​အောင်ဖမ်းခဲ့တဲ့။
အသာတကြည်အဖမ်းခံပါ။
အသာတကြည်အဖမ်းမခံရင် အကြမ်းနည်းသုံးရပါလိမ့်မယ်..."

"အဟက်...ဖမ်းမယ်..မင်းတို့ကငါတို့ကို.."

စစ်သူကြီးဝမ်ကခနဲ့ပြုံး ပြုံးရင်းမြို့ရိုး​​ပေါ်က​လေးတပ်ဖွဲ့ကိုအကဲခတ်သည်။
အ​တော်ဆုံး​လေးစစ်သည်​​တွေကိုသုံးထားပုံရတာ​ကြောင့်သူတို့လှုပ်တာနဲ့ပစ်မယ့်ပုံ။
​အောက်ကရဲမက်​တွေကလဲ ဓါးဆွဲ၊လှံဆွဲနဲ့။
အနည်းဆုံးအင်အားက ၅၀​လောက်ရှိသည်။
သူ့မှာပါလာသည့်လူနဲ့ဆို နိုင် နိုင်တယ်ဆို​ပေမဲ့အထိအခိုက်ကများ​လောက်သည်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now