အပိုင်း (၁၁)

Start from the beginning
                                    

ထိုမန်ကျည်းပင်မှ မန်ကျည်းပွင့်လေးများက တဖြုတ်ဖြုတ် ကြွေကျနေသည်...။ အစ်ကို့ခေါင်းမှ ဆံပင်နှင့် ပျိုးငယ်ခေါင်းမှ ဆံပင်များကို လေညှင်းလေးက သဲ့သဲ့ တိုက်ယူနေသည်မို့ လေနှင်ရာ မျှောလွှင့်နေသည့် ဆံပင်များကို ပျိုးငယ် သိမ်းယူနေမိသည်...။

"အစ်ကို... ပျိုးငယ် တစ်ခါလောက်တော့ အဲ့လိုလုပ်ချင်တယ်နော်...။"

ထိုအချိန်မှာတော့ အစ်ကိုက ဘာမှမပြောဘဲ ကျွန်တော့်လက်ကို ဆွဲကာ ဘုန်းကြီးကျောင်းဝန်းထဲမှ ထွက်လာခဲ့မိသည်...။

အဲ့ဒီဘုန်းကြီးကျောင်းက ထွက်လာပြီးသည့် နောက်မှာတော့... ကျွန်တော် အစ်ကို့ကို စကားမပြောတော့...။ လုပ်စရာရှိတာ လုပ်ပြီး အေးဆေးစွာပင် ရှိနေမိသည်...။ အစ်ကိုကတော့ သူ့အလုပ်ကိစ္စများကို လုပ်ပြီးတာနဲ့ ထမင်းစားဖို့ လာခေါ်လေပြီ....။

ကျွန်တော်ကတော့ အိမ်မှာ လာလုပ်နေသည့် အရီးလေးတို့အိမ်မှာ ရှိသည့် အမ များဖြင့် ရှိနေမိသည်...။

"ထမင်းစားမယ်...။"

အစ်ကိုက အလုပ်ကိစ္စ ပြီးသည်နှင့် ကျွန်တော်ရှိနေသည့် အိမ်အောက်ပိုင်းကို ကြည့်ကာ တံခါးဝမှာ ရပ်ပြီး အေးစက်စွာပင် ခေါ်လာလေပြီ....။ ကျွန်တော်ကတော့ တံခါးဝကို ကျောခိုင်းကာ မကြားချင်ယောင် ဆောင်နေမိသည်....။

အစ်ကိုလာသည်ကို သိသည်နှင့် အစ်မတစ်ချို့ကတော့ ကျွန်တော့်ကို မျက်နှာရိပ် မျက်နှာချေ ပြသည်...။ ကျွန်တော်က တမင်ပင် မသိချင်ယောင်ဆောင်နေလိုက်မိသည်....။

"ထမင်းစားမယ်..."

အစ်ကို့ဆီက နောက်တစ်ခါ ခေါ်သံ...။
အစ်ကိုက ဘယ်တော့မှ ထမင်းကို ကျွန်တော်မပါဘဲ စားလေ့မရှိပါ...။ ကျွန်တော် အရင်စားပြီးရင်လည်း သူထမင်းစားတဲ့အချိန် ကျွန်တော့်အနား ရှိနေစေချင်သေးတာမျိုးပင်...။

"ပျိုးငယ်... ဟိုမှာ ခေါ်နေတယ်လေ... ငဦးအကြောင်းလည်း သိရဲ့သားနဲ့...။ သွားလိုက်ပါကွယ်...။"

"နေပါစေ... သူ့ဘာသာ..."

"မဟုတ်သေးပါဘူး... ငဦးက ပျိုးငယ့်ကိုပဲ ကြည့်တတ်တဲ့သူ...။ သူ့စိတ်ကို ပျိုးငယ်လေးကပဲ ထိန်းချုပ်နိုင်တာလေ...။ အဲ့လိုမျိုးပဲ သူ့စိတ်ကို ဆွပေးနိုင်တာ ပျိုးငယ်လေးပဲလေ...။"

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (s2- complete)Where stories live. Discover now