"ငါ လိုက်ပို့မယ်...။"
"ရတယ်... မမကေသီတို့နဲ့ သွားလိုက်မယ်နော် အစ်ကို...။"
"........"
ထိုအချိန်မှာတော့ အစ်ကိုက ဘာမှမပြောတော့ဘဲ ကျွန်တော့်ကိုသာ ကြည့်နေတော့ ကျွန်တော်လည်း မနေတတ်စွာပင် ခေါင်းကို ငုံ့ထားမိလိုက်တော့သည်....။
ခဏအကြာမှာတော့ သူ့နံဘေးမှာ ရှိနေသည့် ကျွန်တော့်ကို အစ်ကိုက ဆတ်ခနဲ ပွေ့ယူကာ သူ့ရင်ခွင်ထဲသို့...။
တင်းကြပ်စွာ ပွေ့ဖက်ထားပြီး တစ်ခဏမှာတော့ လက်ခံရယူလိုက်သည်က အစ်ကို့ထံမှ ပြင်းရှရှ အနမ်းများ....။
ခဏအကြာမှာတော့ လူက အနည်းငယ် အသက်ရှု မဝတော့သည်မို့ အစ်ကို့မျက်နှာကို ဖယ်ကာ အစ်ကို့အနမ်းမှ လွှတ်မြောက်ဖို့ ပြင်မိတော့.... အစ်ကိုက ချက်ချင်းဆိုသလို ကျွန်တော့်လည်တိုင်မှ ဆွဲယူကာ အနမ်းတို့ တစ်ဖန်ပြန်လည်၍....
"ဖျစ်ညှစ်လိုက်ရင်လည်း တစ်ခါတည်းနဲ့... သေသွားဦးမှာ..."
ညနေပိုင်း
ညနေပိုင်းမှာတော့ ကျွန်တော်တို့ အိမ်ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။ အိမ်ရောက်ပြီးချင်း ခဏ နား ရေချိုးပြီးသည်နှင့် ဘုံကထိန် ပဒေသာအပင်များဖြင့် ရှိနေသည့် ဘုန်းကြီးကျောင်းသို့ လာခဲ့မိသည်...။ စာရေးတံမဲနှင့်အတူ အလှူငွေကို လှူခဲ့လိုက်မိသည်...။
ထို့နောက် အစ်ကိုနှင့်အတူ ကျောင်းဝန်းအပြည့် လိုက်ကြည့်နေမိသည်...။
"အစ်ကို... တအားစည်မှာနော်... အများကြီးပဲ...။ ပျိုးငယ် မနက်ဖြန် လာချင်တယ်... တစ်ခြားရွာက ကထိန်မှာ လာပြီး တရားနာတဲ့သူတွေကိုလည်း အကမ်းအလှမ်းတွေ အနေနဲ့ ပေးချင်တာ...။"
"......."
အစ်ကိုကတော့ ဘာမှမပြောတော့ဘဲ ကျွန်တော့်ကို ရပ်ကာ ကြည့်နေသည်...။ ဘုန်ကြီးကျောင်းဝန်းထဲမှာတော့ သာသနိက အဆောက်အအုံများဖြင့် ပြည့်နှက်နေသည်....။
ထို့အပြင် ကျောင်းဝန်ထဲမှာ သပြေပင်၊ ခရေပင်၊သနပ်ခါးပင်၊ ပုဏ္ဏရိတ်ပင်၊ ရွက်လှပင်၊သီးပင် ၊ စိန်ပန်းပင် များစွာ ရှိလေသည်...။ ပျိုးငယ်နှင့်အတူ အစ်ကိုကတော့ ဘုန်းကြီးကျောင်းထဲက မန်ကျည်းပင်အောက်မှာ ရှိနေမိသည်...။
အပိုင်း (၁၁)
Start from the beginning