အပိုင်း၁၁

Start from the beginning
                                    

**
တစ်ဖက်တွင်ခန့်ကိုလည်း ရဲလင်းဇော်တို့ရှိရာ skate ကွင်းသို့ရောက်သွားသည်။ အားလုံးကခန့်ကိုကိုတွေ့တော့ ၀မ်းသာအားရပင်ကြိုဆိုကြသည်။ "ဟာ‌ ဟေ့ကောင် ငခန့် မတွေ့ရတာကြာပေါ့ ကြုံတုန်းတစ်ပွဲလောက် stunt ပြိုင်ကြတာပေါ့ဟုဆိုကာ ပြိုင်တော့ ခန့်ကိုပဲအနိုင်ရ‌ရှိလေသည်။
"ငခန့်တို့ကတော့ နားထားတာကြာတာတောင် ငါ့ကိုနိုင်တုန်းဟေ့ "
"ဟား မဟုတ်ရပါဘူးကွာ။ အာ့ဆိုငါပြန်တော့မယ်။ ကိစ္စလေးရှ်ိလို့ ။ "
" မင်းကလည်းကွာ ထားပါတော့ ဒါနဲ့မင်းမမစိမ်းနဲ့အခြေအနေရော "
"အင်း ဒီနေ့ပဲရည်းစားဖြစ်သွားပြီ။ အာ့ကြောင့်ပြန်ရတော့မှာ။ဘိုင့်ဘိုင့်ဘော်ဒါတို့ ဟုဆိုကာ ကားနှင်းအိမ်ကိုပြန်ခဲ့သည်။

ပြန်ရောက်တော့ ရေအမြန်ချိုးကာ ဖုန်းဆက်လိုက်သည် ။
"ဟယ်လို မမ။ ‌ကျွန်တော်ပြန်ရောက်ပြီနော်မမ။ "
"အင်းပါခန့်ကို။ ရေရောချိုးပြီးပြိီလား။"
"ခုတင်ချိုးပြီးဖုန်းဆက်လိုက်တာမမ။ ဒါနဲ့မမအသံတစ်မျိုးပဲ ‌ဘာဖြစ်လို့လဲဟင် ။ ကျွန်တော့်ကိုပြောလေ"
"ခန့်ကို။ ပါးပါးက တို့နှစ်ယောက်ပတ်သက်မှုကိုသိသွားပြီ။ သူကသဘောမတူဘူးတဲ့။သူ့သူငယ်ချင်းသားနဲ့ပဲအတင်းပေးစားနေတယ် ။"
"မမ ။ကျွန်တော် ပါးပါးကြည်ဖြူလာအောင်ကြိုးစားမှာပါ။ကျွန်တော်မမကိုအရမ်းချစ်တယ်။ဆုံးရှူံးမခံနိုင်ဘူးမမ"
ထို့ညက ချစ်သူစဖြစ်တဲ့ညပေမယ့် သူများအတွဲတွေလို တီတီတာတာ မပြောဖြစ်ဘဲ နှစ်ယောက်သားအနာဂတ်အတွက်တိုင်ပင်ဖြစ်ခဲ့ကြသည်။

****
အချိန်အားဖြင့် ၆လခန့်ကြာမြင့်ပြီးလေပြီ။ ခန့်ကိုနှင့်စိမ်းတို့၏ အချစ်သည်လည်းပိုမိုခိုင်မြဲလာလေသည်။ခန့်ကို၏မိဘများကတော့အစထဲကသဘောတူ၍ကိစ္စမရှ်ိသော်လည်း စိမ်း၏ဖခင်မှာ သိပ်‌ေတာ့လက်မခံချင်သေးပင် ။ထို့ကြောင့်လမင်းခန့်ကိုဟာ အလုပ်ကိုကြိုးစားလုပ်ကိုင်ကာ Moon construction group မှာပိုမိုအောင်မြင်လာသောကြောင့် မြန်မာနိုင်ငံလူငယ်စီးပွားရေးလုပ်ငန်းရှင်များဆိုင်ရာ အအောင်မြင်ဆုံးဆုကို အသက်အငယ်ဆုံးMD တစ်ယောက်အနေနဲ့ဆုရရှိခဲ့သည်။ ထို့အတွက် ဒီနေ့ ဂုဏ်ပြုပွဲကို Rose Garden Hotel ၌ကျင်းပရန်စီစဉ်ထားသည်။ လမင်းခန့်ကိုအတွက် ခန့်ကို၏မိဘများတင်မက စိမ်း၏အမေဖြစ်သူလည်းဂုဏ်ပြုပေးခဲ့သည်။
ဦးမင်းသက်ထင် သေချာစဉ်းစားဆုံးဖြတ်ပြီး ဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်သည်။ "ဟယ်လို စိုင်မြတ်မင်း ။uncle တို့သဘောတူထားတဲ့ကိစ္စကို ဖျတ်သိမ်းလိုက်ရအောင်။ uncle သမီးဆန္ဒမပါဘဲ မလုပ်ချင်တော့လို့။ တောင်းပန်ပါတယ်သား "ဟုပြောကာ ဖုန်းချလိုက်သည်။ တစ်ဖက်တွင် စိုင်းမြတ်မင်းမှာတော့ ဝုန်းဒိုင်းကြဲသောင်းကျန်းပြီး အကြံတစ်ခုထုတ်လိုက်သည်။

At Rose Garden Hotel
လမင်းခန့်ကိုရဲ့ဂုဏ်ပြုပွဲမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသာ မက နိုင်ငံခြားသားရင်းနီးမြှုပ်နံသူများပါတတ်ရောက်ခဲ့သည်။
ထိုပွဲတွင် ကျေးဇူးတင်စကားပြောပြီ သူနှင့်စိမ်း၏ တရား၀င်ပတ်သက်မှုကို ပြောပြခဲ့သည်။ အားလုံးကဝိုင်းဂုဏ်ပြုကြသည်။ဒါဟာ လမင်းခန့်ကိုက အသိုင်းဝိုင်းကြီးထဲက LGBTတစ်ယောက်ဖြစ်တာကြောင့်ဝေဖန်မှုသိပ်မရှ်ိခဲ့ပေ။
ထို့နောက်မိသားစုစုံစုံလင်လင်ရှိရာ table ဦးမင်းသက်ထင်က လမင်းခန့်ကိုကို uncle သမီးကို မင်းနဲ့သဘောတူလိုက်ပါပြီ။ မကန့်ကွက်တော့ပါဘူး။ဒါပေမယ့် ငါ့သမီးကိုစိတ်ညစ်အောင်လုပ်ရင် ငါငြိမ်နေမှာမဟုတ်ဘူးနော် "
စိမ်းက " ကျေးဇူးတင်ပါတယ်ပါးပါး။"ဟုဆိုကာပြေးဖတ်လေသည်။
ခန့်ကိုကလည်း "စိတ်ချပါ uncle ။ မမစိမ်းစိတ်ဆင်းရဲစေမယ့်အရာကျွန်တော့မလုပ်ပါဘူး ကတိပေးပါ့တယ်"

ထို့နောက် ပွဲပြီးတော့ ကားပါကင်ကို ကိုယ်စီသွားနေချိန် ကားပါကင်တွင် အင်္ကျီအနက်နှင့် ဘောင်းဘီးအနက် ၀တ်ထားသော လူတစ်ဦးက ဦးမင်းသက်ထင်ဆီဦးတည်လာသည်။ လက်တွင်ကိုင်လာသောဓားကို ခန့်ကိုက အလျင်မြန်တွေ့လိုက်ပြီး "uncle" ဟုခေါ်ကာ ဦးမင်းသက်ထင်ကိုဘေးသို့တွန်းလိုက်ပြီး ဓားက သူ၏ ဗိုက်တည့်တည့်ကိုစိုက်၀င်သွားလေသည်။ထို့နောက် ထိုလူက ဓားကိုပြန်ဆွဲနှုတ်ပြီးထွက်ပြေးသွားလေသည်။  ခန့်ကို၏ အင်္ကျီအဖြူရောင်လေးသည် သွေးများဖြင့်မြင်မကောင်းတော့ပင်။ hotelတွင်ရှိသော လုံခြုံရေးတို့က လိုက်ဖမ်း၍ထိုသူကိုမိ၍ရဲ့လက်အပ်လိုက်သည်။

စိမ်းလည်းအရေးပေါ်ကားအမြန်ပင်ခေါ်လိုက်သည်။ ထို့နောကိ ခန့်ကို ၏လက်ကိုကိုင်ကာ ဒဏ်ရာကို ကုတ်အင်္ကျီနှင့် သွေးထွက်မလွန်အောင်ဖိထားလေသည်။
"ခန့်ကို မင်းဘာမှမဖြစ်ရ‌ဘူးနော်။ မမရှိတယ်နော်မင်းနား "
ခန့်ကို အားအရမ်းနည်းနေပြီ မျက်လုံးတွေလည်းဝေဝါးနေပြီ "မမ ကျွန်တော်မမကိုအရမ်းချစ်တယ်နော်မမ။ " ဟုဆိုကာ မျက်စိမှိတ်ကျကာ သတိမလည်တော့ပေ။

ထို့နောက်အရေးပေါ်ကားရောက်လာ‌ကာ ချက်ချင်းပင် CPRပေးပြီး ‌ကားပေါ်တင်တာ ဆေးရုံသို့ခေါ်သွားသည်။

___________________________________________

#wang511
11.11.23

ကျွန်တောမအားလို့ ခုမှရေးဖြစ်လို့ပါ

စိမ်းWhere stories live. Discover now