"မရဘူးထိုင်တော့လုံးလုံး တို့ယူခဲ့လေ ငါ့မိန်းမကို
နင်တို့ခိုင်းနေတာလား"

ကိုကို့ကိုဆို အိမ်ကခလေးတွေက အရမ်းကြောက်တာမို့ လုံးလုံးတို့ညီအမ အမြန်သယ်လာခဲ့သည်။

"လုံးလုံးတို့ ပြောပါတယ် မမလေးကမရတာ အကိုလေး"

အသက် ကိုကိုအတွက်ထမင်းကြော် ကော်ဖီနဲ့ ငရံ့ခြောက်ဖုတ်ဆီဆမ်းနဲငပိကြော် နေရာချနေတုန်း ကြီးကြီးက

"သားရေ ကြီးကြီးကညကမုန့်ဟင်းခါးလေး မူမူ့ကို
ချက်ခိုင်းထားတာစားကြည့်ပါလား ကိုယ့်ညီမလက်ရာနဲနဲပေါ့"

"ကြီးကြိးကလဲ ကျွန်တော့မိန်းမချက်ထားတာပဲစားမှာပေါ့"

မူမူခင်နဲ့ကြီးကြီးမျက်နှာပျက်သွားကာ အစား
ဆက်စားနေကြသည်။ကိုကိုကစားနေရင်း

"ဘေဘီ မနေ့ကအပြင်ကိုတယောက်တည်းကား
မောင်းတယ်ဆို "

"ဟုတ်တယ် လိုတာလေးတွေထွက်ဝယ်တာလုံးလုံးပါပါတယ် ကိုကိုရဲ့"

"အင်းကိုကိုက ကားမောင်းတာစိတ်ပူလို့ဘေဘီရဲ့ သေချာမောင်းနော် လုံးလုံးတို့ညီအမ နင်တို့နော် ဘေဘီနောက်လိုက်ရင်စကားများမနေနဲ့ ကားဘာညာကြည့်ပေး"

"ဟုတ်အကိုလေး"

"ကိုကိုကလဲ အသက်ကိုအန်တရယ်မဖြစ်အောင်ကားမောင်းဖို့ ဒယ်ဒီကိုယ်တိုင်သင်ပေးတာပါ စိတ်ချ အသက်ကားမောင်းတာ ကြာပီဟုတ်ပီလား ကဲစားပါအေးကုန်တော့မယ်"

မူမူခင် ရှေ့ကကိုကြီးကသူ့မိန်းမကိုစိတ်ပူနေတာတွေကြည့်ပီး အသက်ဆိုတဲ့မိိနိးမကိုမုန်းလှသည်။ဟွန့်ညက ကြီးကြီးကပြောပီးသား ကိုကြီးက မူမူ့အပိုင်ပဲဆိုတာမို့ မူမူ ကိုယ့်ဘာသာအားတင်းထားရသည်။

စားသောက်တာပီးတော့ အသက်နဲ့ကိုကို အခန်း
ပြန်ကာ လုပ်စရာအလုပ်များလုပ်ကာ မနက်၁၀နာရီလောက်ကျတော့ ကိုကိုကော အသက်ပါရေချိုး
ပီးတာမို့ တီဗီဖွင့်ကာကြည့်တုန်းဖုန်းလာလို့ ကိုကိုက
ဖုန်းထပြောနေတာမို့ အသက်လဲ တီဗီအသံလျော့ကာ ဖုန်းသံုးနေတုန်း မူမူခင်နဲ့လုံးလုံးတို့ညီအမ အခန်း
ရှင်းဝင်လာသည်။ကိုကိုက ဖုန်းပြောရင်း ပြန်လာ
ထိုင်တော့ အသက်ခြေထောက်ကိုဆွဲယူကာ
ပေါင်ပေါ်တင်ပီး ခြေဖျား​လေးတွေကို ကိုင်ကာနှိပ်ပေးလိုက် ခြေသလံုးလေးတွေလက်နဲ့ပွတိလိုက်လုပ်နေသည်။အသက်တွက်တော့ဒါက ကိုကိုနဲ့နေနေကြ
ဖြစ်ပေမဲ့ အကြံနဲ့မူမူခင်ကတော့ကြီးကြီးကိုသွားပြောသည်။ ကြီးကြီးဝင်လာတော့အသက်က ဖုနိးသုံးရင်း ခြေထောက်၂ဘက်က ကိုကို့ပေါ်မှာ မို့ ကြီးကြီးကမီး
ဝင်းဝင်းတောက်ကာကြည့်ပီိး

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Donde viven las historias. Descúbrelo ahora