အပိုင်း(၉)

Zacznij od początku
                                    

ပြိုင်ပွဲတွင် ဂျီအွန်းနဲ့ဟန်ဘင်းက ဘတ်စကတ်ဘောပြိုင်ကြမည်
ဖြစ်ပြီး ဟာအိုကတော့ မီတာ၁၀၀၀တာဝေး အပြေးပြိုင်ပွဲတွင်
ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲတွင်ရရှိမည့်ဆုပေါ်မူတည်၍
အမှတ်များပေးကာ အမှတ်အများဆုံးရသော အတန်းနှစ်တန်းကို
ကျောင်းမှအပန်းဖြေခရီးတစ်ခုစီစဥ်ပေးမည်ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲကိုကြိုးကြိုးစားစားယှဥ်ပြိုင်ကြမည့်သူ
ချည်းသာဖြစ်သည်။

"ကိုယ်အသင်းသားတွေနဲ့ လေ့ကျင့်ဖို့သွားလိုက်ဦးမယ်
လိုက်ဦးမလား "

"ဟင့်အင်းမလိုက်တော့ဘူး ကျွန်တော်လည်းအပြေးလေ့ကျင့်ရမယ်"

အမှန်တော့ ဟာအိုတာဝေးမပြေးချင်ပါ အမြဲတမ်းစာပဲလုပ်
နေတဲ့ သူက ဘယ်လိုလုပ်အဝေးကြီးပြေးနိုင်မှာလဲ
ဒါပေမယ့် ကစားပွဲအမျိုးအစားတစ်ခုချင်းစီကို အတန်းတိုင်းက
လူတိုင်းတစ်မျိုးမဟုတ်တစ်မျိုးပြိုင်ရမှာဖြစ်တာကြောင့်
ပြိုင်မည့်သူမရှိသည့် တာဝေးအပြေးက ဟာအိုရဲ့ခေါင်းပေါ်ကိုကျ
လာတော့သည်။

"ဒါဆို ထမင်းစားချိန်တွေ့ကြတာပေါ့ "

ဂျီအွန်းထွက်သွားပြီးနောက်ဟာအိုလည်း အပြေးလေ့ကျင့်ရန်
အဝတ်လဲခန်းကိုသွားတော့ အခန်းထဲမှာသူ့နာမည်ကိုပြောသံကြား
ရတာကြောင့် အထဲကိုတန်းဝင်မသွားဘဲ ရပ်ကာနားထောင်
နေလိုက်သည်။

"ဟေ့ မင်းတို့အခန်းက ကျန်းဟာအိုက တာဝေးပြေးမှာဆို"

"အင်းဟုတ်တယ် "

"အဆင်ပြေပါ့မလား တာဝေးအတွက်ပေးမှတ်ကအများကြီးလေ
မင်းတို့ခရီးထွက်ဖို့ကိုကြိုတင်လက်လွှတ်လိုက်ကြတာလား "

"လက်လွှတ်စရာလား သူ့ခေါင်းပေါ်ကိုပုံချပေးလိုက်တာလေ
သူရှုံးသွားတာနဲ့ သူ့ကိုဝိုင်လှောင်ပြီးအပြစ်တင်ကြမှာလေ"

"မင်းတို့အဲ့လိုတကယ်လုပ်ကြမှာလား ကျောင်းသားဥက္ကဌနဲ့
စီနီယာဂျီအွန်းကသူ့လူတွေနော် တော်ကြာမင်းတို့ဂွိကုန်လိမ့်မယ်"

"အလကားပါ မတန်မရာ ဘယ်ကလာပြီး စကောလားရှစ်
ရထားမှန်းမသိတဲ့လူက အကပ်ကောင်းလို့အနေချောင်နေတာ
ဒီမှာငါပြောမယ် ယောကျာ်းဆိုတဲ့
အမျိုးကဘယ်သူ့ကိုမှအလကားကောင်းမပေးဘူး
တစ်ခုခုရလို့နေမှာ "

My beloved school president (binhao)UxZ(complete)Opowieści tętniące życiem. Odkryj je teraz