"ကိုကြီးမင်" ဝေလန်က ငြင်သာသောအပြုံးတစ်ခုဖြင့်ပြောသည်။ "သခင်လေးပိုင်နဲ့ဝေလန်တို့ တစ်ခုခုသွားစားမှာမလို့ လိုက်ခဲ့လေ"
"ကိုယ်က လန်လန်တစ်ယောက်တည်းကိုပဲဖိတ်တာ"
"ကိုကြီးက ဒီနေ့တစ်နေ့လုံးအလုပ်တွေလုပ်နေရတာ
မလား"ဝေလန်က ပိုင်ဆန်းကိုလျစ်လျှူရှုထားသည်။
"အစားစားဖို့ကိုတော့ မမေ့နဲ့လေ ကိုကြီးမင်"ထို့နောက်တော့ ဝေလန်ကမြင်းစောင်းထဲမှ ထွက်လိုက်ကာ အလုပ်သမားတစ်ယောက်အား ပေါ့ပေါ့ပါးပါး စားပွဲတစ်ခုအား ပြင်ထားခိုင်းလိုက်သည်။
မကြာမီမှာပင် ဝေလန်မှာ ပိုင်ဆန်း၊ မင်တို့နှင့် အတူတူ တစ်ခန်းထဲတွင် အတူတူရှိနေသည်။ ဟင်းပွဲများစွာ နေရာချပီးချိန်တွင် ဝေလန်က မင်အတွက် လက်ဖက်ရည်အရင်ငှဲ့ပေးပီးမှ ပိုင်ဆန်းအတွက် တစ်ခွက်ငှဲ့ပေးလိုက်သည်။"လန်လန်ရဲ့လက်ဖက်ရည်က တကယ်ကို သူများတွေနဲ့ယှဥ်လို့ကိုမရဘူးပဲ"ပိုင်ဆန်းက လက်ဖက်ရည်ကိုသောက်ရင်းက ပြုံးသည်။
မင်ကလည်း သူ့လက်ဖက်ရည်သူ သောက်နေတာမလို့ ဘာမှမပြောပေ။"သခင်လေးပိုင် ရှင်တကယ်ပဲဖားဆိပ်ကမ်းနဲ့အဆက်အသွယ်ဖြတ်ချင်တာလား?" ဝေလန်က
တည့်တည့်ပဲမေးချလိုက်သည်- သူဒီလိုမေးလာဖို့ ပိုင်ဆန်းစောင့်နေတယ်ဆိုတာ သိလျှက်နဲ့ပင်။"အင်း" သူက ပုံမှန်လိုပဲပြုံးရင်းကနေ ရှင်းရှင်းသာဖြေသည်။
"သခင်ပိုင်ကရော ရှင့်ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပီး
တစ်ခုခုပြောစရာမရှိဘူးတဲ့လား?""အဘိုးက ကိုယ်စိတ်ချမ်းသာသလို လုပ်ခွင့်ပေးထားတယ်"
ဝေလန်ကဘာမှထပ်မပြောတော့ပဲ သူ(မ)ရဲ့ကုန်သွားသော လက်ဖက်ရည်ခွက်ကိုသာထပ်ဖြည့်လိုက်သည်။
"လန်လန်တကယ်လို့ မင်းသာ ကိုယ့်ကိုကောင်းကောင်း တောင်းဆိုမယ်ဆို ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ပြန်စဥ်းစားပေးမယ်"
မင်ကသူ့လက်ဖက်ရည်ခွက်ကိုချလိုက်ချိန်မှာတော့ သူစိတ်ဆိုးနေပီဆိုတာ ဝေလန်သိလိုက်သည်။ မင် သူ့ဒေါသတွေကို အပြင်သို့ထုတ်မလာခင်မှာပင် ဝေလန် မင့်ခွက်ထဲသို့ လက်ဖက်ရည်ထပ်ဖြည့်ပေးလိုက်သည်။ ဝေလန့်အပြုံးကြောင့် မင်ကစိတ်ငြိမ်သွားသည်။
YOU ARE READING
Fa Wei Lan၏ပြန်လည်မွေးဖွားခြင်း(Myanmar Translation)
Historical FictionI do not own this story and I just translated this story. I give full credit to the original author- @Harui30
Ch 2:ငါ့ကိုရွေးပါ
Start from the beginning