" အေး ဟုတ်ပြီ Ultrasound Result ရရင် လူနာတွေကို OT လုပ်ဖို့ Counselling လုပ်လိုက်မယ်  ဒါနဲ့ မင်း ဒီနေ့ခင်း ဘာတွေလုပ်ဖို့ရှိသေးလဲ  "

လူနာအကြောင်းပြောဆိုပြီးသွားတော့ အရုဏ်ဦးက ခုံပေါ်ကို သက်တောင့်သက်သာ ပုံစံဖြင့်မှီထိုင်လိုက်သည်။ အပေါ်ဝတ်အနွေး ကုတ်အင်္ကျီကိုပါ ချွတ်ဖို့ပြင်နေလေတော့ မိုးသောက်မှာ လှမ်းဟန့်တားမိသည်။

" အရုဏ် အေးနေတုန်းပဲလေ အပေါ်ဝတ်မချွတ်နဲ့ဦး"

" ငါက ဒီတောင်ပေါ်မှာပဲ မွေးလာတဲ့ကောင်ပါကွ ဒီလောက်အအေးဒဏ်က မှုစရာမလိုပါဘူး "

မျက်နှာကိုချီကာပြောနေလေသော တောင်ပေါ်သားအား သူ့မှာ မစဘဲ မနေနိုင်တော့။ တစ်ဖက်ရှိ ထိုင်နေသည့်အနား သွားရပ်ကာ အရုဏ်ဦး ပခုံးပေါ် ဖက်တွယ်ရင်း ချွဲသည့်အသံလုပ်ကာ ပြောလိုက်သည်။

" ဒီ မြေပြန့်သားကတော့ အချမ်းဒဏ် မခံနိုင်ဘူး အေးလွန်းလို့ ဖက်ထားပေးပါဦး ဒေါက်တာ  "

" သွားစမ်း သွားစမ်း မိုးသောက် ငါ ကန်ထုတ်မိတော့မယ် "

အတင်းကိုတွန်းထိုးလွှတ်နေသော အရုဏ်ဦးကြောင့် အနောက်ကို ဆုတ်လိုက်ပေမယ့် အနံ့သင်းသင်းလေးနဲ့ ပါးပြင်ကို တစ်ချက် နမ်းခဲ့လိုက်သေးသည်။ ရဲရဲနီနေသော နားရွက်တွေနှင့် တောင်ပေါ်က ယုန်ကလေး ဟာ မစရ မနေနိုင်အောင်ပင် ချစ်ဖို့ကောင်းနေခဲ့သည်။ အခြားဝန်ထမ်းများသာ သူ့အတွေးကိုသိလျှင်တော့ ဒေါက်တာအရုဏ်ဦး လို အေးတိအေးစက်လူကို ချစ်ဖို့ကောင်းတယ် မြင်ရအောင် ရူးနေသလားလို့ပင် မေးကြလိမ့်မည်။ အရုဏ်ဦးရဲ့ ချစ်ဖို့ကောင်းတဲ့တစ်ဖက်ခြမ်းကို ထိုလူတွေမှ မသိနိုင်ဘဲလေ။

" ဆေးရုံမှာကို တည်တည်တံ့တံ့နေစမ်း မိုးသောက်...  အခြားသူတွေမြင်သွားရင် မကောင်းဘူး  "

" အေးပါကွာ အေးပါ အာ ​ပြောလက်စကို အခုမှ အမှတ်ရတယ် မင်းနေ့ခင်း ဘယ်သွားဖို့ရှိသေးလဲ....  ချယ်ရီပန်းသွားကြည့်ရအောင်  တချို့နေရာတွေမှာ ချယ်ရီတွေပွင့်ပြီတဲ့  "

သည်မိုးသောက်ဟာ တောင်ပေါ်မြေက ပန်းမျိုးစုံကို ပတ်ကြည့်ရမှ ကျေနပ်မည်ထင်သည်။ တစ်မျိုးမဟုတ်တစ်မျိုး ရိုးကိုမရိုးနိုင်ပေ။ နေ့လည်ခင်းဘက်မှာတော့ ချယ်ရီတွေ စောစောပွင့်သည့်  ပင်းတယဘက်ဆီသို့ နှစ်ယောက်သား ရောက်လာရတော့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now