Vol2(Ch1) ပိုင်သခင်လေး

Beginne am Anfang
                                    

"သခင်လေး ပိုင်ဆန်းကဘာလိုချင်လို့တဲ့လဲ?" ဝေလန်အဘိုးရဲ့ လက်ဖက်ရည်ခွက်ကိုဖြည့်ပေးရင်းက မေးလိုက်သည်။

"သူဘာလိုချင်တာလဲ ညီမလေးသိပါတယ်" မင်ကသူ့ကိုစိုးရိမ်သောပုံဖြင့်ကြည့်လာသည်။

အဘိုးရဲ့တည့်တံ့သွားသော မျက်နှာကိုဝေလန်မြင်ဖြစ်အောင်မြင်လိုက်သည်။

"မင် မင်းကငါတို့ဆိပ်ကမ်းရဲ့သခင်လေးပဲ"
အဘိုးက သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကိုချရင်းက မင်အား အသံမာမာဖြင့်ပြောလိုက်သည်။

"ဒီပိုင်ဆန်းက သူလာတဲ့အကြိမ်တိုင်း မင်းကိုဘာလို့ဒီလိုတစ်ခုမဟုတ်တစ်ခုခက်ခဲအောင်လုပ်နေရတာလဲ?"

မင်မှာ သူ့နှဖူးကိုသူ ခေါင်းကိုက်နေသလိုမျိုးသာ ကိုင်ထားနိုင်တော့သည်။ ဝေလန့်ရဲ့ အမြဲတမ်းတက်ကြွနေတတ်သော ဝမ်းကွဲအကိုမှာ တကယ်ကိုလဲကျတော့မယ့် ပုံပေါက်နေတော့သည်။ သူဘယ်တုန်းကမှဒီလောက်ထိ ပင်ပန်းနေပုံမပေါ်ဖူးခဲ့ပေ။ ဝေလန်မှာ သူ့ကိုဒီလိုပုံစံနဲ့မြင်ရတာကိုမနှစ်သက်ပေ။ ပီးတော့ဒီလိုဖြစ်ရတာ ပိုင်ဆန်းကြောင့်ဖြစ်၍ သူ့အပေါ်ဝေလန့်အမြင်မှာ ပို၍သာဆိုးရွားသွားတော့သည်။

"ဝေလန် သမီးကတော့ ဖားအိမ်တော်မှာပဲနေရမယ်" အဘိုးက အမိန့်ပေးသည်။ "မင် မင်းလည်း ပိုင်ဆန်းကို ကိုင်တွယ်နိုင်ဖို့ သင်ကြားရလိမ့်မယ်။ မင်းရဲ့ညီမလေးက စီးပွားရေးလုပ်တဲ့နေရာမှာ သုံးတဲ့ အပေးအယူပစ္စည်း ဘယ်တော့မှမဖြစ်သင့်ဘူး"

"ဘိုးဘိုး ပြောတာမှန်ပါတယ်"မင်က သက်ပြင်းဖျော့ဖျော့ချသည်။

"မင် ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ်"

မင်ထွက်သွားတာကိုကြည့်ရင်း ဝေလန်အပြစ်မကင်းသလိုခံစားနေရသည်။

"ဘိုးဘိုး... ဝေလန် ကိုကြီးမင်နဲ့လိုက်သွားပီး စကားပြောသင့်_"

"ဝေလန်" အဘိုးက သူ့လက်ကို ဝေလန့်လက်ပေါ်ညင်သာစွာတင်လိုက်ရင်း ဝေလန့်စကားကိုရပ်လိုက်သည်။
"အဲ့ဒီလူငယ်လေး ဒီလိုခေါင်းမာနေရတဲ့အကြောင်းရင်းက ဒီလိုမှသာ သမီးသူ့ကိုတွေ့မယ်ဆိုတာသူသိနေလို့ပဲ။ သမီးသွားလိုက်တိုင်း ဘိုးဘိုးတို့ကသူ့ကို အခြေအနေကိုထိန်းချုပ်ခွင့်ပေးလိုက်သလို
ဖြစ်သွားတယ်"

Fa Wei Lan၏ပြန်လည်မွေးဖွားခြင်း(Myanmar Translation)Wo Geschichten leben. Entdecke jetzt