အခန်း - ၁

Start from the beginning
                                    

ထို့​နောက်မှာ​ အခန်း​ရှေ့​ရောက်​တော့ အသားကျ​နေပြီးသားဖြစ်တဲ့ တံခါးလက်ကိုင်ကို လှမ်းခုန်ကာ ​အောက်ကိုဆွဲချလိုက်​တော့ ပါပါးတို့အခန်းတံခါးက ပွင့်သွား​ပေတယ် ။ အဲ့လိုနဲ့အခန်းထဲ​ရောက်​တော့ ​ဝေ့ဝိုက်ကြည့်တဲ့အခါ ကုတင်​ပေါ်မှာဒယ်ဒီကမရှိ ။  သို့​ပေသိ ​​ရေချိုးခန်းထဲက​ရေကျသံကြားတာ​ကြောင့် ​ရေချိုးခန်း​ရှေ့မှာ ​အော်စကာငုတ်တုတ်​လေးထိုင်​စောင့်​နေမိတယ် ။ ခဏအကြာမှာ​တော့ ဒယ်ဒီထွက်လာတာမလို့ ခုန်​​ပေါက်ကာဖြင့် ခန္ဓာကိုယ်ကိုတစ်ပတ်လည်​အောင်လှည့်ပြလိုက်တယ် ။

" မင်း မင်း ဒီလာဦး "

ဒယ်ဒီက ကုတင်​ပေါ်မှာ​ခေါင်းသုတ်ရင်း လက်ပြကာ​ခေါ်​တော့ ​အော်စကာဟာ ဒယ်ဒီ့​ရှေ့ငုတ်တုပ်​လေးထိုင်လျက်သား ။ ဆပ်ပြာနံ့သင်းသင်း​လေးက ပါပါးဝယ်​ပေးထားတဲ့ ​အော်စကာ့ရဲ့​ရေချိုးဆပ်ပြာနဲ့​တောင် တူသ​ယောင်​ယောင်မို့ ဒယ်ဒီ ​အော်စကာ့ဟာ​တွေ သုံးလာသလားလို့​တွေးမိလိုက်တယ် ။

" ဘာ​တွေအံကြိတ်​နေတာလဲ "

စိတ်က​တွေး​နေ​ပေမယ့် ​အော်စကာက ကိုယ့်ပစ္စည်းသူများထိရင်မကြိုက်တာ​ကြောင့် ခန္ဓာကိုယ်က​တော့အလိုလိုတုန့်ပြန်မိတယ် ။

' မကြိုက်ဘူးလို့ ဒယ်ဒီ​ရ ​အော်စကာ့ဆပ်ပြာ​တွေ ယူမသုံးနဲ့ လူဖြစ်ပြီး ​အော်စကာ့ဟာယူသုံးတာမရှက်ဘူးလား '

" ဘာတုန်း တအီအီ တအူအူနဲ့ တစ်​နေ့တစ်​​နေ့မင်း​လောက် စကားများတာ မင်းပဲရှိတယ် ၊ မင်း​လောက်အလိုက်မသိတာလဲ မင်းပဲရှိတယ် ညညဆိုကိုယ့်အခန်းကိုယ်အိပ်ဆိုလည်း ဘယ်​တော့မှနားမ​​ထောင်ဘူး ​ခွေးပါးဝတယ် မင်းက "

ဒယ်ဒီ့စကား​တွေကြား​တော့ ​အော်စကာအခန်းထဲက​နေလှည့်ထွက်ခဲ့လိုက်ပြီး ​အောက်ထပ်ကပါပါးဆီ ခပ်မြန်မြန်ဆင်းသွားလိုက်တယ် ။ ပါပါးက​တော့ ​အော်စကာ့​ခြေသံကြား​တော့ အ​နောက်လှည့်ကြည့်လာတာမလို့

' ပါပါး ဒယ်ဒီက ​အော်စကာ့ကို ​ခွေးပါးဝတယ် အလိုက်မသိဘူး စကားများတယ်တဲ့ ပါပါး ဒယ်ဒီကမ​ကောင်းဘူး ​အော်စကာ့ကိုအဲ့လို​ပြောစရာလား ဟုတ်တယ်မလား ပါပါး '

My Hater : My LoverWhere stories live. Discover now