အပိုင်း(၅)

Start from the beginning
                                    

"ကဲ ကလေးတို့ "

အတန်းပိုင်ဆရာမက ရောက်လာတာကြောင့် ဟာအိုဆရာမဆီအကြည့်ပို့လိုက်တော့ ဆရာမဘေးမှာ လူတစ်ယောက်ကို
တွေ့လိုက်ရတယ် (တစ်နည်းအားဖြင့်ပြောရရင် အရမ်း
ကြည့်ကောင်းတဲ့လူပေါ့ )။

"အားလုံးလဲ သိပြီးလောက်ပြီဖြစ်ပေမယ့် ဒါက
မင်းတို့အားလုံးရဲ့စီနီယာအစ်ကိုကြီး နိုင်ငံ့ဘတ်စကတ်ဘော
လက်ရွေးစင်အသင်းထဲပါသွားလို့ ကျောင်းပြီးအောင်မတက်
ခဲ့ရဘူး ၊ ဒီနှစ်မှ အသင်းကခွင့်ပြုပေးလို့ ကျောင်းလာတက်တာစာသင်ရင်း လေ့ကျင့်ရမှာမို့ စာမလိုက်နိုင်ရင်ကူလိုက်ကြဦးနော်"

"ဟုတ်ကဲ့ပါ "
ဆရာမစကားကိုအားလုံးတစ်ညီတစ်ညာတည်းထောက်ခံလိုက်ကြသည်။ ဘယ်သူက နိုင်ငံ့လက်ရွေးစင်ကစားသမားနဲ့
မရင်းနှီးချင်ဘဲနေမှာလဲ ။

"အားလုံးပဲ အစ်ကိုက ကင်ဂျီအွန်းလို့ခေါ်ပါတယ် "
နာမည်လေးမိတ်ဆက်လိုက်ရုံနဲ့ လက်ခုပ်သံက ဟာအိုတို့ပြောင်းလာတုန်းကနဲ့ခြားနားစွာ အခန်းကြီးပါပွင့်ထွက်မတတ်ကျယ်လောင်တာမို့ ဟာအို ထိုလူကိုဘဲ ကြည့်နေမိတော့သည်။

"ဂျီအွန်းလေး လွတ်တဲ့နေရာတွေရှိတာမို့ ကိုယ်ကြိုက်တဲ့နေရာကိုဝင်ထိုင်လိုက်နော် ဆရာမ ရုံးခန်းခဏသွားလိုက်ဦးမယ် "

"ဟုတ်ကဲ့ဆရာမ "

ထို့နောက်ဂျီအွန်းဝင်လာတော့ ကိုယ့်ဘေးမှာနေရာလွတ်ရှိတဲ့
လူတွေက ဂျီအွန်းဘယ်သူ့နားထိုင်မယ်ဆိုတာ ရင်ခုန်ရင်း
သူတို့နားမှာလာထိုင်ဖို့ကိုလည်းတိတ်တိတ်လေးဆုတောင်းနေကြသည်။

သို့သော်ဂျီအွန်းက လွတ်တဲ့ ခုံဆီကိုမသွားဘဲ ဟာအိုနောက်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ရှေ့ကိုသွားရပ်ပြီး

"ဒီကညီလေး အဆင်ပြေရင် အစ်ကို့ကိုနေရာဖယ်ပေးလို့ရမလားအစ်ကိုပြတင်းပေါက်နားမှာထိုင်ချင်လို့ "

ဂျီအွန်းက ယဥ်ယဥ်ကျေးကျေးပင်တောင်းဆိုလာတာမို့တစ်ဖက်လူက ရကြောင်းပြောပြီး တခြားနေရာလွတ်ခုံဆီကိုရွှေ့သွားလိုက်တော့သည်။

ဟာအိုတို့ကျောင်းက နှစ်ထပ်ဖြစ်ပြီး ဟာအိုရဲ့အခန်းကနေ
ဆို ဘောလုံးကွင်းကိုလှမ်းမြင်ရသည်။ ဟာအိုက
ပြတင်းပေါက်ဘေး နောက်ဆုံးခုံရဲ့ ရှေ့တန်းမှာထိုင်တာမို့
ဂျီအွန်းရဲ့နေရာက ဟာအိုရဲ့ နောက်မှာဖြစ်သည်။
စာရေးစားပွဲတွေက တစ်ယောက်ခုံတွေဖြစ်တာကြောင့်
ဂျီအွန်းလိုအားကစားသမားတွေအနေနဲ့ စာသင်ချိန်အခန်းထဲမှာမှောက်အိပ်ရင် ဘယ်သူ့မှအနှောင့်ယှက်ပေးလို့မရဘဲ
အေးအေးချမ်းချမ်းအိပ်နိုင်မည့် နေရာပင်ဖြစ်သည်။

My beloved school president (binhao)UxZ(complete)Where stories live. Discover now