Part 8 ( U + Z )

27K 1.1K 140
                                    

Unicode

မင်္ဂလာပွဲအတွင်း ဆု အတော်လေးဗိုက်ဆာနေသည် ။ ခန်းမထဲမှ ဧည့်ပရိတ်သတ်များ အားလုံးပြန်သွားကြပြီးနောက် ဆာလောင်မှု ကို မထိန်းနိုင်တော့ပေ။

"ဗိုက်ဆာတယ် မရတော့ဘူး"

"တို့ သင်္ဘောပေါ်ရောက်ရင်ကျွေးမယ်လေ ဘေဘီလေးရယ်"

"သင်္ဘောပေါ် အထိ မစောင့်နိုင်တော့ဘူး ဒီမှာပဲစားတော့မယ်"

ပြောရင်း ဆု သည် နီးစပ်ရာစားပွဲဝိုင်းထဲသို့ ဝင်ထိုင်ရာ ချထားသောမုန့်များအား အသည်းအသန်စားနေလေသည် ။ ဆု တစ်ယောက်ထဲလားဆိုတော့ မဟုတ် ။ သူငယ်ချင်းဖြစ်သူနှစ်ယောက်ကလဲ ဘေးတွင် အားရပါးရကြိတ်နေလေသည် ။

"ဘုရား ဘုရား ဝေသာလီပြည်ကအငတ်ဘီလူးတွေများလား"

"ဗိုက်ဆာလို့ပါ မေရယ် မအောင့်နိုင်တော့ဘူး"

"ဟဲ့! ညည်း သတို့သမီး နော် ဘေးဘီလဲကြည့်ဦး ညည်းတို့ သုံးယောက်ကို ဟိုတယ် ဝန်ထမ်းတွေဝိုင်းကြည့်နေကြတယ်"

"ကြည့်ကြည့်ပေါ့ ဒီမုန့်တွေက ဆု တို့ပိုက်ဆံနဲ့ဝယ်ထားပြီးသား စားမှာပဲ"

"ဟဲ့! ဟိုနှစ်ယောက် ခေါင်းကိုမဖော်တော့တာ လိုက်လဲလိုက်ပါ့အေ"

လူအယောက် ၃၀၀ စာဝယ်ထားပြီး တစ်ယောက်ကို ၃၈၀၀၀ ဖိုးကျွေးထားရတာ တန်အောင်တော့စားရမည်။ ဒါမျိုးတော့ ဆု တို့သုံးယောက် အငတ်မခံနိုင်။ တင်မမမောင် ကတော့ အသစ်စက်စက် ဇနီးချောလေးကိုကြည့်ကာ ပြုံးနေလေသည် ။

မင်္ဂလာပွဲပြီးနောက် တင်မမမောင် ပိုင်ဆိုင်သည့် သင်္ဘောဖြင့် ဟန်းနီးမွန်းထွက်ကြလေသည်။ ဦးမင်းသန့် တို့ ဇနီးမောင်နှံ နှင့် အတူ မြတ်နိုးသူနှင့်နန္ဒာလင်း တို့လဲ လိုက်ပါလာလေသည်။

"တင်မမမောင် ကျေးဇူးကြောင့် ဒီလိုလှပတဲ့ပင်လယ်ကြီးကို ကြည့်ရပြီ"

လက်ထဲတွင် အရက်ခွက်ကိုကိုင်ကာ ရန်အောင် အိင်္ကျီ ကို ဘောင်းဘီ တိုနှင့် ဝတ်ထားသည်မှာ ဒေါ်သစ္စာ မျက်လုံးထဲတွင်ကြည့်မရပေ။

"ရှင် ဟာလေ အဲ့ဒီအိင်္ကျီကိုမဝတ်ပါနဲ့ဆို ဘယ်လောက်ပြောပြောကိုမရဘူး ခြောက်နေလား"

Mommy Wife (Completed)Where stories live. Discover now