"ရော့... ပျိုးငယ်.. အစ်မတို့က နှစ်ချောင်းဝယ်ခဲ့တယ်နော်..."


အစ်မတစ်ယောက်က ရေခဲချောင်းသည်ဆီမှ ကျွန်တော့်အတွက် ရေခဲချောင်းတစ်ချောင်းကို ဝယ်ပေးပြီး ကျွန်တော့်ကို ပေးလာသည်...။ ကျွန်တော်လည်း ထိုရေခဲချောင်းကို သဘောကျစွာ ယူလိုက်ရင်း စုပ်လိုက်မိတော့... ရေခဲချောင်း ဝယ်ပေးလာသည့် အစ်မက...

"အများကြီး မစားနဲ့နော်...။ ရှင် နေမကောင်းရင်ကျွန်မတို့က ဓားကြိမ်း ကြိမ်းခံရမယ်တော့..."

ထိုအစ်မများကတော့ အိမ်မှာ တောက်လျှောက် ဝင်ထွက်နေသူများမို့ ကျွန်တော်နှင့် အစ်ကို့အကြောင်းကို သိနေသည်မို့ ထိုစကားကို ပြောလာသည်...။ ကျွန်တော်ကတော့ ထိုအစ်မကို သဘောကျစွာ ပြုံးပြလိုက်ပြီးသည့်နောက်မှာတော့....

"ဒီအတိုင်း...နည်းနည်းလေးပါ မမ... ။ အစ်ကိုက ဘာမှ ပျိုးငယ်ကို မပြောပါဘူး..."

"အယ်... တော့်သာ သူချစ်လို့... မပြောမှာ ကျုပ်တို့တော့ ပြောမှာအေ့..."

"အဟင်း... မမကလဲ..."

ထိုအစ်မကတော့ အိမ်ထဲသို့ ဘာမှမပြောဘဲ အိမ်ထဲသို့ ဝင်သွားလေပြီ...။ ကျွန်တော်ကတော့ အစ်ကိုမရောက်လာနိုင်သည့် ရေကန်တစ်ဖက်မှ အကွယ်မှာ စားနေမိတော့သည်...။ ထိုတစ်ခဏမှာပင်..

မိမိကိုယ်ပေါ်သို့ နေပြောက်မကျတော့ဘဲ နံဘေးမှာ လာထင်သည့် အရိပ်တစ်ခု...။ 

ထိုအရိပ်ရဲ့ ထင်ဟပ်မှုက အစ်ကို့ခန္ဓာကိုယ် အဖွဲ့အစည်းနှင့် တူနေသည်မို့ ကျွန်တော်လည်း နောက်ကို လှည့်ကြည့်လိုက်မိတော့...

ဟုတ်ပါရဲ့...

အစ်ကိုပါလေ.. ကျွန်တော့်ကိုသေချာကြည့်နေပြီး.... မျက်မှောင်ကျုံ့ကာ ရှိနေသည်...။ ကျွန်တော်ကတော့ အစ်ကို့ကို တွေ့သည်နှင့် လက်ထဲက ရေခဲမုန့်ကို ဖွက်ထားဖို့ ပြင်ပေမယ့်... ခိုးထုတ်ခိုးထည်နဲ့ မိသည့်နောက်ဆုံးမှာတော့...

"အစ်ကို ... ဟီးဟီး ပျိုးငယ်ကလေ..."

အယူခံဝင် တင်သွင်းဖို့ ကြံပေမယ့် အစ်ကို‌ကတော့ ...

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)जहाँ कहानियाँ रहती हैं। अभी खोजें