သူကတ်သလို ကိုယ်လည်းလိုက်ကတ်ချင်လာတယ်.. ။

" ငါမေးတာမဖြေချင်တိုင်း ငါ့ကိုလွှဲချသလိုနဲ့ စကားလမ်းကြောင်း မပြောင်းနဲ့.. "

" စကားလမ်းကြောင်း ပြောင်းနေတာမဟုတ်ဘူး.."

" ဒါဖြင့် ဖြေလေ.. "

" OG ကိုစိတ်ဝင်စားလို့.. ရပြီမလား.. "

" အဟက်.. သေချာလို့လား "

သားငယ် တမင်တကာ မဲ့ရွဲ့ပြီး ခြောက်ကပ်ကပ်ရယ်လိုက်သည်.. ။

ဒီလောက် ရွေးစရာရှိနေတဲ့ထဲကိုမှ OG ကိုပဲလိုချင်တာတဲ့.. ။

အကြောင်းရင်းက စိတ်ဝင်စားလို့ဆိုတိုင်း လွယ်လွယ်ယုံရမှာလားတဲ့.. ။

ဒဲ့ပဲမေးချလိုက်ချင်တယ်.. ။

နင့်ကိုကိုက OG မလို့ OG လိုက်ယူတာမလား..။

ဆရာဝန်တောင် နင့်ကိုကို ဖြစ်စေချင်လို့ ဆရာဝန်ဖြစ်အောင်လုပ်ခဲ့တာပဲလေ.. ။

ဒါတောင် ထပ်ပြီး OG တဲ့လေ.. ။

ဒီကောင် ဒေါသမထွက်ရဘူးလား.. ။

အရာရာတိုင်းကို သူလွှမ်းမိုးနေမှဖြစ်မှာလား..။

ဘဝ တစ်ဆစ်ချိုးမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက် လုပ်ရတိုင်း.. သူနဲ့လွတ်ကင်းပေးလို့မရဘူးလား..။

နှစ်တွေကူးခဲ့ပြီ ရတီ.. ။

ခုထိ နင့်ရင်ထဲကနေ အဲ့ကိုကိုဆိုတာကြီးကို ထုတ်မပစ်နိုင်သေးဘူးလား.. ။

ငါက ခု နွားဆိုတဲ့ကောင်နဲ့ ဘာထူးတော့လို့လဲ..။

ဒီလောက် ပေးဆပ်ထားပြီးချစ်နေတာတောင် မလုံလောက်သေးဘူးလား.. ။

" သားငယ်.. နင် ဘာရယ်တာလဲ "

ဟက်ခနဲ သူ့ရယ်သံက လှောင်နေမှန်းခံစားမိတာ မှားနေသလားပဲ.. ။

" OG ကိုမှ စိတ်ဝင်စားတာကို ရယ်မိတာ.. "

" ငါ စိတ်ဝင်စားလို့မရတဲ့ ဘာသာရပ်မလို့လား.."

" ဘာသာရပ်ကို စိတ်ဝင်စားတာလား.. ဒါမှမဟုတ် လူကိုလား.. "

" ဟမ်.. လူ.. ဘယ်ကလူလဲ "

မသိချင်ယောင်ဆောင်ပြီး မေးတဲ့ပုံစံလေးက တကယ်ပီသပါပေတယ်.. ။

Zee (Unicode) Where stories live. Discover now