'မင်းထင်ချင်သလိုထင်'

Junkyu သူ့ဘက်က စမှားတာဆိုတော့ ထိုအနှီကောင်နဲ့ စကားအချေတင်မပြောချင်တော့။

'အဲ့တော့ ကျုပ်နဲ့အတူလိုက်ခဲ့ ခုစားပြီးသွားမယ် နောက်နေ့ကစ Kim Junkyu ခင်ဗျားကျုပ်နဲ့လိုက်ရမယ် အသွားရောအပြန်ရော'

Junkyu စိတ်ညစ်ညစ်သာ လက်ခံလိုက်ရသည်။ မဟုတ်ရင် သူ့တို့ကျောင်းနဲ့ Haruto အိမ်နဲ့ကားစီးရင် နာရီဝက်လောက် ကြာနိုင်သလိုနေ့တိုင်းလဲ သူကားခကုန်မှာပင်။ အိမ်ကိုပြန်မရတော့တာကြောင့် ရှေ့လျှောက် သူ့ဘဝကိုသူရုန်းကန်ရမည်။ အချိန်ပိုင်းဖြစ်ဖြစ်လုပ်ရင်း ဝင်ငွေရှာရမည်။

>>>

ကျောင်းရောက်တော့ ထင်တဲ့အတိုင်း Haruto နဲ့သူအတူဆင်းလာတာကို ပေါ်ပေါ်တင်တင်ကြည့်ပြီး ဝေဖန်နေကြသည်။ သေချာတာကတော့ Haruto ကိုမဟုတ် သူ့ကိုပင်။ ကျောင်းရဲ့ မြက်ကလေးကို စားသွားတဲ့နွားပေါ့လေ သူက။

စိတ်ပျက်စရာ အတင်းအဖျင်းတွေက နေရကျုံ့စေပေမယ့် သူအာရုံမစိုက်မိအောင် နေရသည်။ အထူးသဖြင့် Haruto နဲ့ ဝေးဝေးနေရမည်။ ဌာနတူတော့ လမ်းတူပေမယ့် သူတမင်နောက်ကခွါပြီးလိုက်သည်။ ထိုကောင်နဲ့ ဘေးချင်းကပ်သွားချင်စိတ်လဲ ရှိမနေ။

'Kim Junkyu ဘာလို့နောက်က တုန့်နှေးတုန့်နှေး လျှောက်နေတာလဲ'

လှည့်ကြည့်ကာ ပြောလာတဲ့သူကို Junkyu မကြားသလိုနေလိုက်ရင်း ကိုယ့်ဘာသာ ဆက်လျှောက်ကာ သူ့ကိုကျော်တက်လိုက်တော့ နောက်ကနေ သူ့ကျောပိုးအိတ်ကို ဆောင့်ဆွဲထားသည်။

'ကျောင်းထိဆွဲလားရမ်းလားလုပ်ရင် ငါမင်းကိုအတည်ထိုးမှာနော် Haruto '

Junkyu ခပ်ကြိတ်ကြိတ်သတိပေးစကားဆိုပြီး အိတ်ကိုသူ့လက်ထဲက ဖြုတ်တော့ အသာတကြည် မလွှတ်တဲ့အပြင် နီးကပ်အောင် ပိုဆွဲယူကာ လက်မောင်းပေါ်ကိုပါ သူ့လက်ကြီးနဲ့ ဖက်လာတာ Junkyu သူ့ရင်ဘတ်ထဲ ဝင်လုမတတ်နီးနီး။

'Haruto!'

'လူတွေကြည့်နေတယ် ငြိမ်ငြိမ်နေ'

'အေး လူတွေကြည့်နေလို့ မင်းကိုအနေအထိုင်ဆင်ခြင်ခိုင်းနေတာလေ'

Chessy RomanceWhere stories live. Discover now