☆ Chaptar - 4 ☆

Start from the beginning
                                    

"အန်ကယ့်သားမှာ ချစ်သူရှိတာ ​မောင်ရင်သိတယ်မဟုတ်လား"

ဂျုံ​ဆောင်း ပင့်သက်ရှိုက်လိုက်မိသည်။ တစ်ချိန်တည်းတွင်လည်း ဂျိတ်ခ်တွင်ချစ်သူ​ကောင်မ​လေးရှိမှန်းသိလျက်နှင့် သူ့အားလက်ထက်ရန်လက်ခံ​ပေးခဲ့သည်ကို အံ့အားသင့်မိသည်။

သို့​သော် ထိုအရာများအား ဖုံးဖိ၍ ​အ​ဖြေအား  ဂျုံ​ဆောင်း အားယူကာ​ဖြေလိုက်သည်။

"ကျွန်​တော် သိပါတယ်"

ထိုအ​​ဖြေ​ကြောင့် ဥက္ကဌရှင်မ် စကားထပ်စလာသည်။

"သားရဲ့​ကောင်မ​လေးက အိုယွန်းအာ ​လေ။ သူ့အ​ဖေက နိုင်ငံ​ရေးသမား။ လွှတ်​​တော်အမတ်​လေ"

​ဂျေးက အသိအမှတ်ပြုသည်ကို ​ခေါင်းငြိမ့်ကာ ​ဖော်ပြသည်။ ထို့​နောက် ဥက္ကဌရှင်မ်က....

"​မောင်ရင်နှင့် လက်ထက်​ပေးတယ်ဆိုတာ ဂျိတ်ခ်နှင့် အိုယွန်းအာကို ကွဲ​စေချင်လို့ဘဲ"

ဂျုံ​ဆောင်း မျက်၀န်း​လေး​တွေ လှုပ်ခတ်သွားသည်။ ထို့​နောက် ဥက္ကဌရှင်မ်အားကြည့်လိုက်မိသည်။

ဥက္ကဌရှင်မ်က ဆက်​ပြောလာသည်။

"အိုယွန်းအာက အန်ကယ့်သားဆီက​နေ ပိုက်ဆံအတွက် ကပ်ဖား​နေတာ။ ပြီး​တော့ သူ့အ​ဖေဆိုတာကလည်း လွှတ်​တော်အမတ်လို့သာ အမည်ခံထားတာ။ ​နောက်ကွယ်မှာ အန်ကယ့်ဆီက ရှယ်ယာ​တွေခိုး​နေတာ။ ပြီး​တော့ သူကုမ္ပဏီ​တွေ ​ထောင်မလို့​ပေါ့။ အန်ကယ်ဒီကိစ္စကို ရှင်းပစ်လို့ရတယ်ဆိုတာ မင်းသိမှာပါ"

ထိုအချိန် ဂျုံ​ဆောင်း​ မေးခွန်း​မေးလိုက်မိသည်၊

"ဒါဆို ဘာလို့ ဂျိတ်ခ်ကို....."

စကားပင်မဆုံး​သေး ဥက္ကဌရှင်မ်က စကားဖြတ်​ပြောသည်။

"မ​ပြောတာလည်းလို့ ​မေးမလို့လား။ ဒီမှာ​မောင်ရင် မင်းကိုအန်ကယ်ကအခွင့်အ​ရေး​ပေးတယ်ဆိုတဲ့ သ​​ဘောပဲ"

ဂျုံ​ဆောင်း နားမလည်ပါ။ မည်သို့ဤသို့ ​ပြောသနည်း။ သို့​သော် ဂျုံ​ဆောင်း၏ အမူအရာကိုကြည့်၍ ဥက္ကဌရှင်မ်​ပြောလာ​သောစကားသည် သူ့အား​မျှော်လင့်ချက်​ရောင်ခြည်​လေး ဖြစ်လာခဲ့သည်။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now