အပိုင်း (၁)

Start from the beginning
                                    

ဟာအိုအတန်းဘက်ကိုပြေးလာရင်းနဲ့တောက်လျှောက်
ပြေးလာရင်းနဲ့ ဦးနှောက်ထဲမှာတွေးမိတဲ့တစ်ခုတည်းသော
အရာက ကျောင်းရဲ့လူဆိုးက သေလောက်အောင်ချောတယ်
ဆိုတာပင် ......

"သေချာတယ် အဲ့တာဟိုနေ့တွေ့လိုက်တဲ့ ကျောင်းလူဆိုးပဲ
ငါ့မျက်လုံးရဲ့စူပါပါဝါအရ ဘယ်လိုမှလူမှားတာမဖြစ်နိုင်ဘူး
အမေရေ !!!ကယ်ပါဦး !!! အမေ့သားတော့
တောင်ကိုးရီးယားမှာ ပညာသင်ရင်းနဲ့ လူမသိသူမသိ
လက်စဖျောက်ခံရတော့မယ်နဲ့တူတယ် "

ဟာအို စိတ်ညစ်ညစ်နဲ့ ဆံပင်တွေကိုဆွဲဖွနေချိန်မှာပင်
အခန်းတံခါးထုသံကိုကြားရတော့သည်။

"ဒီအချိန်ကြီးမှာဘယ်သူက အခန်းတံခါးလာထုနေတာလဲ
တကယ်ပါပဲ "

အခန်းတံခါးကို အဆက်မပြတ်ထုနေတာကြောင့် ဟာအိုထကာ
အခန်းတံခါးကိုမဖွင့်ဘဲ တံခါးမှအပြင်ဘက်ကိုကြည့်ဖို့ထားပေး
တဲ့ အပေါက်ငယ်လေးကနေအရင်းဆုံးချောင်းကြည့်လိုက်တော့
အခန်းရှေ့ရောက်နေတဲ့လူကြောင့် ဟာအိုရဲ့ဆံပင်မွှေးများ
ထောင်သွားရတော့သည်။

"သူက ဘာလို့ အခန်းတံခါးလာထုနေရတာလဲ ??? "

"ဒီမှာဗျ အခန်းရှေ့က ဘဲလ်ကအလုပ်မလုပ်လို့တံခါးကို
ထုနေတာပါဗျ ကျွန်တော်က ဘေးအခန်းကိုပြောင်းလာတဲ့
သူပါ အိမ်ပိုင်ရှင်ကပြောတယ် ဒီအခန်းမှာနေတဲ့ ကျွန်တော်နဲ့
ရွယ်တူကျောင်းသားလေးတစ်ယောက်ရှိတယ်ဆိုလို့
ကျွန်တော်ဆန်မုန့်ပေးရင်းနဲ့ မိတ်လာဖွဲ့တာပါဗျ "

အခန်းရှေ့ကလူရဲ့စကားကြောင့် ဟာအိုအိမ်ပိုင်ရှင်ကို
ချင်ချင်းလက်ငင်းမေတ္တာလှမ်းပို့မိသွားတယ်
ဘာလို့ တခြားသူရဲ့အကြောင်းကိုလိုက်ပြောနေရတာလဲ
ဝါး......ဒီတိုက်ခန်းက ကိုယ်ရေးကိုယ်တာလုံခြုံမှုဥပဒေကို
ချိုးဖောက်နေတာပဲ.....

ခုနက ဝရန်တာတွင် မြင်လိုက်ရတာကြောင့် အထဲမှာလူရှိမှန်း
သိသိကြီးနဲ့ လာမဖွင့်ပေးတာမို့ သူတံခါးထုနေသည်ကို
မကြားဟုထင်ကာ ဟန်ဘင်းတစ်ယောက်စိတ်ရှည်လက်ရှည်
တံခါးဆက်ထုဖို့ဆုံးဖြတ်လိုက်ပြီး

"အိမ်ရှင်တို့ ... အထဲမှာလူမရှိဘူးလား ?"

"ဟုတ် လူမရှိပါဘူး "
ဟာအိုက ယောင်ပြီး ဖြေလိုက်မိတာကို သူ့ကိုယ်သူသတိထား
မိတာနဲ့လက်နှစ်ဖက်ဖြင့်ပါးစပ်ကိုချက်ချင်းအုပ်လိုက်မိပြီး
သူပြောတာကို ကျောင်းလူဆိုးကောင်ကြားမသွားစေရန်ပါ
အသံတိတ်ဆုတောင်းလိုက်ပေမယ့် ဟာအိုရဲ့ဆုတောင်းက
မပြည့်ခဲ့ပါ။

My beloved school president (binhao)UxZ(complete)Where stories live. Discover now