ယဲ့ယောင် : "......"

ကစားပွဲပြန်စတင်ရန် ဝီစီမှုတ်၍အချက်ပြလာတာကြောင့် ယဲ့ယောင်မှာဘာဆိုဘာမှပြောဖို့ရန်အချိန်မရှိတော့ပဲ ကွင်းထဲသို့တစ်ဖန်ပြန်ရောက်သွားခဲ့တော့သည်။

လုရွှမ်း ကွင်းဘေးသို့နောက်ဆုတ်လိုက်ကာ သူ့ပတ်လည်ရှိစိတ်လှုပ်ရှားပျော်ရွှင်မှုများနှင့် အခြားသူတွေ၏ သူ့အားစိတ်လှုပ်ရှားစွာစောင့်ကြည့်နေမှုများကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးများမှေးစင်း၍ အတွေးနယ်ချဲ့နေခဲ့၏။

သူ၏သဘောထားမှာ တစ်ခါတလေကျကိုယ်သိကိုယ်တတ်ပုံစံ အလွန်အကျွံဖြစ်၍ အဲ့ဒါကယဲ့ယောင်ရဲ့နှလုံးသားကို အမှန်တကယ် အတိုက်အခံဖြစ်စေနိုင်လောက်သည်။

ဒါပေမယ့် ဒီတစ်ခေါက်မှာ ယဲ့ယောင်ရဲ့လေသံကနူးညံ့နေခဲ့တယ်။

ဒီကစားကွက်လေး၌ သူအလွယ်တကူကျဆုံးသွားတာကြောင့် ထိုလှည့်ကွက်လေးမှာ ယဲ့ယောင်အားဆန့်ကျင့်လျက် အသုံးဝင်နေလေ၏။

ဒီကိစ္စဖြစ်လာပြီဆိုမှတော့ ယဲ့ယောင်ဒီထက်ပိုဝေးဝေး တွန်းထုတ်ချင်နေတဲ့အကွာအဝေးကို ...... သူကိုယ်တိုင် သူ့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ ထပ်ပြီးပိုနီးလာအောင် ယူဆောင်လာပေးရမှာပေါ့။

*

ဒီတစ်ခေါက်တွင် ယဲ့ယောင်တို့မေဂျာဌာနက ဘတ်စကက်ဘောဂိမ်းကို အနိုင်ရရှိသွားခဲ့သည်။

ယဲ့ယောင်သည် ခံစားချက်ကောင်းလေးများဝင်နေ၍ စက်ဘီးကိုယူကာနင်းပြီး ဒဏ်ရာနဲ့အားနည်းနေသော အမောင်လုရွှမ်းအားတင်ခေါ်ကာ အိပ်ဆောင်သို့ပြန်လာခဲ့သည်။

အေးမြသောလေညင်းတွေက ပါးပြင်ပေါ်ရိုက်ခတ်လာသော်လည်း အခုမှကိုယ်လက်လှုပ်ရှားကစားပြီးခါစ ယဲ့ယောင်အနေနဲ့ချမ်းစိမ့်မှုကိုမခံစားရပဲ ထိုအစားသက်တောင့်သက်သာဖြစ်လို့နေသည်။

လုရွှမ်းရဲ့လက်မောင်းတွေက သူ့ခါးပေါ်တွင်ရစ်ပတ်နေပေမယ့် ဒါကသူ(လုရွှမ်း) စက်ဘီးအနောက်ထိုင်ခုံ၌ လိုက်စီးတိုင်းအမြဲပြုမူနေကြ အပြုအမူပင်ဖြစ်သည်။ ယဲ့ယောင်ရဲ့စိတ်အစဉ်က တည်ငြိမ်နေပြီးမည်သည့်အခြားအတွေးမှ ရှိမနေချေ။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Waar verhalen tot leven komen. Ontdek het nu