ဒီလိုနဲ့ ကျောင်းဆင်းချိန်မှာလည်း နှစ်ယောက်သားစက်ဘီးအတူစီးရင် အိမ်သို့ပြန်လာခဲ့တော့သည်

~~~~~~~~~~~~~~~~~~~~~~~~~~~💭

-ကျနော်ပျော်တယ် "ဟွန်း"နဲ့ရှိနေရတဲ့အချိန် တိုင်း ကျနော် ပျော်တယ်

-သူနဲ့ကျနော့်ရဲ့ဒီလိုဆက်ဆံရေးလေးကိုလည်း ကျနော်သိပ် ကျေနပ်တယ်

-မနက်မိုးလင်းလို့ ချစ်ရသူ မျက်နှာကိုတန်းမမြင်နိုင်ပေမဲ့ ကျောင်းသွားတဲ့အစ ချစ်ရသူနဲ့အတူရှိနေရတဲ့အချိန်တေ

-ကျောင်းမှာလည်းချစ်ရသူနဲ့အတူကုန်ဆုံးရတဲ့အချိန်တေ

-ကျောင်းအပြန်လည်းချစ်ရသူနဲ့အတူပြန်ရတာ တေဟာ ကျနော့အတွက် အရမ်းတန်ဖိုးရှိလှတယ်

-အချစ်ဆိုတာ ဘာလဲ.....

-တစ်ချို့ကအချစ်ကိုပိုင်ဆိုင်လိုကြတယ် ရယူလိုကြတယ်

-တစ်ချို့ကငေးကြည့်ရရုံနဲ့တင်ကျေနပ်ကြရတယ်

-ကျနော်ကရော အချစ်ကိုဘယ်လိုမြင်မိသလဲ

-မသိဘူးကျနော် အချစ်ကဘာလဲဆိုတာ
ဒါပေမဲ့ အခုကျနော်ဒီအခြေအနေလေးအတိုင်းကိုပဲမြတ်နိုးတယ်

-အချစ်နဲ့အတူရှိနေရရင် ကျနော်အတွက်က
နိဗ္ဗာန်ပဲ

(ဒါလေးက ဂျွန်မြောင့်ရဲ့အယူအဆ သဘောလေးပါနော်🤭💌)

"Ommaရေ သားပြန်ရောက်ပြီ! Omma !"
"ဟင် ဘယ်ရောက်နေတာပါလိမ့်"

"သားရေ ဒီမှာ"

"ဘာလုပ်နေတာလဲommaက ဒီချိန်ကြီးမီးဖိုခန်းထဲမှာ"

"ညကျ သားကြိုက်တဲ့ စပါကတီ လုပ်ကျွေးမို့ အဲ့တာ များများလုပ်ပြီး ဆယ်ဟွန်းလေးတို့အိမ်ပါ သွားပို့ရအောင်လို့"

(ယုန်ပေါက် ကြိုက်မကြိုက်တော့မသိဘူး ဒီက သာသာမဟုတ်တဲ့သာသာ အရမ်းစာချင်နေလို့😖)

"ဟုတ်ကဲ့ပါဗျာ အဲ့တာဆို သားရေမြန်မြန်ချိုးပြီးလုပ်ကူမယ်နော် သွားချိုးလိုက်အုံးမယ် အာဘွား omma"

"အမလေးလေး ဂင်ဂျွန်မြောင်တို့များအမေကို ကပ်ချွဲနေတာ ရည်းစားရမှ အဲ့လိုမဟုတ်လို့ကတော့ ငါနဲ့တွေ့မယ်"

JUNWhere stories live. Discover now