ကာလ်လင်းမှာ စက္ကန့်ပိုင်းလောက် ကြောင်အပြီး တောင့်တောင့်လေးဖြစ်သွားပေမယ့် ရုန်းတော့မရုန်းပေ၊အပေါ်ယံ ဖွဖွလေးအနမ်းဆိုပေမယ့် နှစ်ယောက်လုံးရဲ့နှလုံးသားက ဗြောင်းဆန်နေတော့သည်၊
"အဟမ်း..." အနီးနားက ဆရာတစ်ဦးက ကျီဆယ်နေတဲ့ကျောင်းသားနှစ်ဦးကို ဘေးမှာ အခြားသူတွေပါရှိကြောင်း သတိပေးချင်တာကြောင့် ချောင်းဟန့်ကာအသံပြုလိုက်မှ ကာလ်လင်းက ရှက်ရွံ့သွားပြီး ချက်ချင်းမတ်တပ်ရပ်လိုက်တော့သည်၊ ရန်ဟွမ်ကတော့ ကာလ်လင်းအပြုအမူ​ကြောင့် ပြုံးပြီးတော့ သူလည်းထရပ်လိုက်သည်၊
ဒါပေမယ့် အနီးနားမှာ သူတို့ကိုစိုက်ကြည့်နေတဲ့ချဲလ်ကိုမြင်တော့ ရန်ဟွမ်ရဲ့မြပြာရင့်ရောင်မျက်ဝန်းများက အေးစက်သွားတော့သည်၊
ကာလ်လင်း ကုသပေးနေချိန်မှာ ချဲလ်ဆီက လာရောက်ကုသဖို့လည်း ရန်ဟွမ်က မမျှော်လင့်ထားပေ၊လစ်လျူရှုထားကို နားလည်ပေမယ့် ချဲလ်က သူ့ကိုကြည့်ကာ လှောင်ရီပြီး အကြည့်တွေက 'သေသွားပါစေ'လို့ မျှော်လင့်နေသည်၊ ဒါကြောင့် ချဲလ်အပေါ်မှာ နောက်ဆုံးမတင်မကျဖြစ်နေတဲ့အားနာမှုတွေက 'ဖောက်'ဆိုပြီး ပြတ်တောက်သွားတော့သည်၊
ထိုချိန်က ငါ့ကို ကယ်ခဲ့တဲ့သူက ချဲလ်ဆိုတာ သေချာရဲ့လားပဲ၊ ရန်ဟွမ်ရဲ့စိတ်က ချုပ်ထွေးသွားပြီး အတွေးတွေနဲ့ ဗျာများချိန်မှာ ဆရာတစ်ဦးကလည်း ကျောင်းသားတွေကို အကြောင်းစုံမေးမြန်းနေတော့သည်၊
ဆရာက အကြောင်းစုံသိသွားချိန်မှာတော့ ရန်ဟွမ်ကို မေးမြန်းလိုက်သည်၊
" ဘာကြောင့် မင်းကိုယ်မင်းထိခိုက်အောင်လုပ်တာလဲ ကျောင်းသားရန်ဟွမ်"
ရန်ဟွမ်က သက်ပြင်းချလိုက်ပြီးတော့ အမှန်တိုင်းပြောလိုက်သည်၊
"လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကျောင်းသားချဲလ်က စစ်မြေပြင် အမှတ်(လေး)မှာ ကျွန်တော့်အသက်ကို ကယ်တင်ပေးဖူးတယ်၊ အဲ့တုန်းက အမှတ်လေးခံတပ်ကို နတ်ဆိုးတွေဝိုင်းဝန်းတုန်းက ကျွန်တော်တို့ကာကွယ်စောင့်ရှောက်သူတွေ အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ကျွန်တော်လည်း သေမလိုဖြစ်ခဲ့တယ် ဆရာ"