ဒီဝတ္ထုမှာအပေါ်လွင်ဆုံးကတော့Character developmentပါ။ ဝတ္ထုရဲ့ အချက်အချာလို့တောင်ပြောလို့ရပါတယ်။ တစ်လျှောက်လုံး သူကလွဲရင် ကျန်တဲ့ လူတွေအားလုံးက ဝမ်ရွှမ့်ကို သစ္စာဖောက်ကြမှာလို့ တရားသေမှတ်ယူခဲ့တဲ့ ကျန်းရီတစ်ယောက် မသိလိုက်ပါဘဲ နှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားမိရာကနေ နောက်ဆုံးမှာတော့ သူကိုယ်တိုင် အဲ့ဒီအတွေးလှောင်ချိုင့်ထဲက ရုန်းထွက်လာနိုင်ခဲ့တာပါ။

တစ်ဖက်မှာလည်း လူတိုင်းကို အယုံအကြည်လွ
ယ်ပြီး သူများက တစ်ခုပေးရင် ကိုယ်က စိတ်ရင်းနဲ့ ဆယ်ခုပြန်ပေးဆပ်ချင်တဲ့ ဝမ်ရွှမ်လည်း လူ့ပင်
ကိုဗီဇတွေကို အများကြီး တွေ့ကြုံခဲ့ရပြီးပြီမို့ အထိုက်အလျှောက် စွန့်လွှတ်ချိန်တန် စွန့်လွှတ်၊
လက်ခံချိန်တန် လက်ခံ ဒါတွေ အားလုံးကို စိတ်
နှလုံးငြိမ်းချမ်းစွာ ရင်ဆိုင်နိုင်နေပါပြီ။

ဇာတ်သိမ်းတိုတာနဲ့ပတ်သတ်ပြီး စာရေးသူဟာ
ဝမ်ရွှမ်နဲ့ ကျန်းရီရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းလေးကို စာဖတ်သူတွေရဲ့ ကိုယ်ပိုင် တွေးအမြင်အတိုင်း လွတ်လပ်စွာ ကျယ်ပြန့်စွာ တွေးနိုင်ဖို့အတွက် ကောင်းချီးလေးတစ်ခုကို လက်ဆောင်ပေးလိုက်တယ်လို့ ယူဆစေချင်ပါတယ်။

စာဖတ်သူတွေရဲ့ အတွေးစုံထဲမှာ ဝမ်ရွှမ်နဲ့ ကျန်းရီတို့ရဲ့ဇာတ်လမ်းလေးဟာ အရောင်အသွေးစုံစွာ လှပနေမယ်လို့ ယုံကြည်ပါတယ်။

စာရေးသူMo Xiao Xian အဂ်လိပ်ဘာသာပြန်သူ Infinate နဲ့ မြန်မာဘာသာပြန်ကို ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်းပြောရင်း ဒီမှာပဲ နှုတ်ဆက်လိုက်ပါရစေ။ အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ နောင်မှာ သတိရတဲ့အချိန်တိုင်း ဝမ်ရွှမ်တို့နဲ့ ပြန်ဆုံဖို့အတွက် အမြဲကြိုဆိုလျက်ပါရှင်။

感谢大家 ♡︎

感谢大家 ♡︎

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Hikayelerin yaşadığı yer. Şimdi keşfedin