“ဟင် ကလေးနဲ့တွေ့မှတော့ ကလေးအဖေနဲ့ပါ တွေ့ရတော့မှာပေါ့ကွ ဘာလို့ဆို သူတို့သားအဖက အမြဲ အတူတူရှိနေတာလေ”

“အတူတူမရှိတဲ့အချိန်လည်း ရှိပါသေးတယ် ဆရာ”

.
.
.

အလုပ်ကိစ္စဖုန်းပြောနေရင်း ဝင်လာတဲ့ဖုန်းကြောင့် သူကြည့်လိုက်တော့ ဆက်သူမှာ တခြားသူမဟုတ်။ တနေကုန် ဖုန်းပူအောင် Message တွေ တောက်လျှောက်ပို့နေသည့် အဒေးဆိုတဲ့ ကောင်လေးပင်။

ကိုယ်ကလည်း အလုပ်များတဲ့သူမို့ ဖုန်းကိုင်ဖို့တောင် မချိန်မရှိပေ။ အခုလည်း အလုပ်ကိစ္စပြောနေရင်း ဝင်လာတဲ့ ဖုန်းကြောင့် သူအသာလေး ချလိုက်မိသည်။ ဒါပေမဲ့ ထပ်ဝင်မလာတဲ့ ဖုန်းလေးကြောင့် သူ့စိတ်ထဲ တွေးလိုက်မိသည်မှာ ဒီကောင်လေး အလိုက်တော့သိသားဆိုသည့် အတွေးပင်ဖြစ်၏။

“ဒါဆို ကျွန်တော် အရင်ပြန်နှင့်တော့မယ် တခြား ချိန်းထားတဲ့ အလုပ်ကိစ္စလေး ရှိသေးလို့”

“ကောင်းပါပြီဗျာ”

အလုပ်ကိစ္စအကြောင်း ပြောစရာစကားလည်း ကုန်ပြီမို့ သူလည်း နှုတ်ဆက်ကာ အရင်ဆိုင်ထဲကနေ ထွက်လာလိုက်သည်။ အပြင်ဘက်ကိုရောက်တော့မှ အိတ်‌ကပ်ထဲက ဖုန်းလေးအား အသာထုတ်ကြည့်လိုက်တော့ ဖုန်း Screen ထက် မြင်နေရသည့် Message ကြောင့် သူသတိလက်လွတ် ရယ်လိုက်မိ၏။

အကြောင်းမှာတော့ ခွေးပေါက်လေး Emoji နှင့် မှတ်ထားတဲ့ Contact ၌ “Message တွေမပြန်ချင်ရင်နေပါ ဖုန်းကိုချပြစ်တာတော့ လွန်တာပေါ့ ဒါပေမဲ့ ဒီကလူချောလေးကပဲ အလုပ်လုပ်နေလို့ ချလိုက်တယ်လို့ပဲ နားလည်ပေးလိုက်ပါ့မယ်” စတဲ့ Message နှင့်အတူ အနောက်၌ ရွဲ့စောင်းသလိုကြည့်နေသည့် Emoji ပါထည့်ထားတာမို့ သူမရယ်ဘဲ မနေနိုင်ပေ။

တနေကုန် တောက်လျှောက် ပြစ်ထားလို့လည်း မဖြစ်သေး။ တော်ကြာနေ ဒီကောင်လေး လွယ်တာမဟုတ်ဘူး။ ကိုယ့်ထက်သာတဲ့ စပွန်ဆာ ဘဲကြီးတွေ ထပ်ရှာတွေ့သွားရင် ကွိုင်ပဲ။ ဘာလို့ ဒီကောင်လေးကို အနားခေါ်ထားလဲ ဆိုတာကလည်း သူ့အကြောင်းနဲ့သူပဲလေ။

ထို့နောက် ခွေးပေါက်လေး Contact အားနှိပ်လိုက်ကာ ဖုန်းခေါ်လိုက်တော့ တော်တော်နှင့်မကိုင်ပေ။

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now