အပိုင်း(2)U/Z

3.1K 163 7
                                    

" ဇွဲခါယံ ...မင်း  မင်းငါကိုသေအောင်သတ်နေတာလား "

" ကျွန်တော်ဘာလုပ်နေလို့လည်းဖေဖေ  "

"ဘာကွ...မင်းမို့လို့စောက်ရှက်မရှိမေးရဲသေးတယ်  မင်းလို့သားမျိုးမွေးထားရတာ  ငါရှက်တယ်ကွ "

"ဟမ်း....ဖေဖေရာ သားကဘာလုပ်နေလို့လည်း  "

အခါ အပြင်ကပြန်ရောက်ခါရှိသေး  ဖေဖေရဲ့ ဒေါသတကြီးဆူပူလာတာကြောင့်  စိတ်ညစ်သွားရသည်။ အခါလိုသားမျိုးမွေးထားရတာရှက်တယ်တဲ့ ရှက်လည်းအစကတဲ့က မေမေကိုဖေဖေ မထိခဲ့သင့်ပါ ။ အခုမှ  အခါကိုမွေးထားရတာရှက်တယ်လာပြောနေတာ ဒါမျိုးကိုအခါလက်မခံပါ ။

သားဖြစ်သူက လှောင်ပြောင်စွာရယ်လိုက်တာကိုမြင်၍ ပိုပြီး ဒေါသထွက်လာရသည်။ နေ့တိုင်းပြသာနာပေါင်းစုံရှာလွန်းတာကြောင့် အချိန်တန် ကိုယ်ခေါင်းပေါ်ရောက်လာသည်။ယနေ့လည်း   ကုမဏီထိ ဉီးတိုင်းကျော်ကရောက်လာ၍ တိုင်ကြားသွားသည်။ဉီးတိုင်းကျော်သားက ဒဏ်ရာ ရသွားတာ​ကိုသိရ၍  ကိုယ်မှာ သားဖြစ်သူအမှားကြောင့်  အောက်ကျို့စွာတောင်းပန်းခဲ့ရသည်။

ကြားဖူးပါတယ်  မိဘတွေက စီးပွားရေးကိုဘဲ ကုန်းကျုံးလုပ်နေရလို့သားသမီးတွေကိုအချိန်မပေးနိုင်တာကြောင့်  ဆိုးကြတာဟု၍  ကိုယ့်သားကထိုလို့မဟုတ်ပါ ။ သားလေးတစ်ယောက်ထဲမွေးထားတာကြောင့် ဂရုစိုက်၍ ချစ်ပေးခဲ့ပါသည်။ ဖခင်မေတ္တာကိုလည်းအပြည့်အဝ ပေးခဲ့သော်လည်း  ဆိုးလှတဲ့သားကြောင့်ရင်လေးလှသည်။

ဉီးဇွဲလွင်မှာ သားဖြစ်သူကိုဘယ်လိုဆုံးမရမယ်ဆိုတာ မကြံတက်တော့ပါ။ ဆုံးမတိုင်းလည်း တစ်ပတ်လောက်ငြိမ်သွားတက်ပါသည်။ ဒီလိုပုံဆန်ဖြင့် သားဖြစ်သူကို မထားချင်တော့တာကြောင့် အကြံတစ်ခုရသွားသည်။

အခါကို ဖေဖေက မနိုင်ဘူးဆိုတဲ့ပုံဆန်ဖြင့် သက်ပြင်းချ၍ ခေါင်းကိုရမ်းခါ၍  အခန်းထဲကိုဝင်သွားသည်။ အခါလည်း ဂျာကင်ကို ပုခုံးပေါ်တင်၍  အပေါ်ကိုပြေးတက်လာလိုက်သည်။ အခါကိုဖေဖေနဲ့မေမေကချစ်တာကြောင့် တော်ယုံဆိုမပြောကြပါ။ မနေ့ကပြသာနာဖြစ်ခဲ့တဲ့ကောင်ရဲ့ဘိုးတော်က ဖေဖေကိုလာတိုင်ကြားသွားတာကြောင့်ဆိုတာ ခန့်မှန်းမိပါသည်။

Friend  But   Husband (Ongoing)Where stories live. Discover now