"ဆရာ ဆရာပါမောက္ခရဲ့ အစားထိုးဝင်တာ ဘယ်လောက်ကြာမှာလဲ၊ ပါမောက္ခဝမ်က ဒီသင်ခန်းစာကို ဆက်ပြီး မသင်တော့ဘူးလား၊ ဒီလိုဆိုရင် ဘာလို့ ဆရာ WeChat မထားခဲ့တာလဲ"

"ဆရာ ဆရာအရင်အတန်းတုန်းက သင်ထားတဲ့ အပိုင်းကို ကျွန်မနားမလည်လို့ ကျေးဇူးပြုပြီး ရှင်းပြပေးလို့ရမလား၊ ကျေးဇူးပြုပြီး ဆရာ "

"ဆရာ ဆရာ့ရဲ့နာမည် ဘယ်လိုခေါ်လဲ၊ ဆရာ့မှာ WeChat ရှိလား၊ အနာဂတ်မှာ ဆရာ့ကို မေးချင်တဲ့ မေးခွန်းများရှိခဲ့ရင် ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်၊ ဆရာ WeChat အပ်ပေးလို့ရမလား"

လီကျောင်း၏ မေးခွန်းများကို နားထောင်နေရင် နင်မုန့်၏ နားများကပင် နာကျင်လာသည်။

ထိုခဏတွင် ရှီချီ၏ အေးစက်သော ပြန်ဖြေသံကို ကြားလိုက်ရသည်။

"မရှိဘူး၊ မင်းကို မပေးနိုင်ဘူး"

သူက မကြာခဏ သရဲများနှင့် ထိတွေ့ဆက်ဆံနေရလေရာ သရဲများပင် သူ့ကို ကြောက်ပြီး လူသားများဆိုလျှင် ချွင်းချက်မရှိတော့ချေ။ ထိုမိန်းကလေးများက သတိလက်လွတ် တုန်ယင်သွားကြသည်။

ထို့နောက် သူတို့က နောင်တရစွာဖြင့် ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြရသည်။

သူတို့က ယခင်စကားများကို ပြန်တွေးမိသောအခါ သူက နင်မုန့်ကို သူ့ကို ဆက်သွယ်ရန် ပြောခဲ့သည်။ သို့သော် သူတို့က မေးသောအခါတွင်မူ သူ့တွင် WeChat မရှိဘူးဟု ဆိုခဲ့သည်။ ထိုသို့တွေးမိသည့်အခိုက် အားလုံး၏ မနာလိုအကြည့်များက အရှေ့ဆုံးအတန်းသို့ ရောက်လာပြန်သည်။

စင်မြင့်ပတ်ပတ်လည်နေရာက လူရှင်းသွားသည်။ သို့သော် နင်မုန့်က စိုက်ကြည့်နေမိသေးလေရာ ရှီချီနှင့် အကြည့်ချင်း ဆုံသွားလေသည်။ ထိုသို့ဖြင့် ရှက်ရွံ့စွာ ပြုံးပြလိုက်ရသည်။

ငါ လက်ပူးလက်ကြပ်မိသွားပြန်ပြီ။

နင်မုန့်က အကြည့်ငုံ့လိုက်လေရာ ဘေးနားတွင် တိတ်ဆိတ်စွာရှိနေသော ဆွဲကြိုးချသရဲနှင့် မျက်လုံးချင်းဆုံသွားသည်။

ထိုသရဲက မှတ်စုစာအုပ်ကို ကိုင်ထားပြီး သူမ၏ စားပွဲခုံရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူက သူ့ကို မြင်လိုက်ခြင်းကို သိနေသလိုပင် နောက်ဆုံးတွင် မေးလိုက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now