☆ Chapter - 3 ☆

Start from the beginning
                                    

"ကိုယ် ပြင်ပြီးပြီ။ လာစားလို့ရပြီ ဂျိတ်ခ်"

ထိုအချိန်တွင် အခန်းထဲမှ...

"ကျွီ...."

တံခါးဖွင့်သံနှင့်အတူ ​ကောင်​လေးအား သူ့ပင်မကြည့်ဘဲ ​အောက်ထပ်သို့ဆင်းသွား​လေသည်။ ထို့​ကြောင့် သူလည်း ​ကောင်​လေး​နောက်အမှီလိုက်ရ​လေသည်။

အခုသူ ဘာ​တွေစားရမှာ။ ပတ်ခ်ဂျုံ​ဆောင်း သူ့ကိုပညာပြသည်လား။

"ခင်ဗျား ကျုပ်ကိုရွဲ့တာလား။ ကြက်ဥ​ကြော်ဆိုလည်း မတူ​အောင်​ကြော်​လေ။ ဒီလိုတူး​နေတဲ့ဟာ​ကို ကျုပ်ဘယ်လိုစားရမှာလဲ....."

ထိုလူပြန်​ပြောသည်မှာ.....။

"ကိုယ်စစတုန်းက​တော့ အရွက်​ကြော်​လေးဖြစ်ဖြစ် ​ကြော်​ပေးမလို့ပါဘဲ။ ဒါ​ပေမဲ့ ဘယ်ကဘယ်လို စလုပ်ရမှန်းကိုယ်မသိဘူး​လေ။ အဲ့တာ​ကြောင့် ကြက်ဥ​ကြော်လိုက်တာ။ ပြီး​တော့ကြက်ဥ​ကြော်ထဲကို ဆီမထည့်လိုက်မိဘူး။ ​နောက်တစ်လုံး ​ကြော်မလို့ပါဘဲ။ ​အောက်ကျပြီး ကွဲသွားလို့။ ကြက်ဥက အိမ်မှာ နှစ်လုံးဘဲရှိတာမို့လို့ တူးသွားတာပါ"

ထိုလူ ​ပြောသွား​သော စကားများထံတွင် ဂျိတ်ခ် အာရုံမလား။ ထိုအစား တစ်ခုပြီးတစ်ခုဆက်တိုက်​ပြော​နေ​သော နှုတ်ခမ်း​လေးဆီ အကြည့်​ရောက်သွားမိသည်။ ပြီး​နောက်မှ သတိပြန်၀င်လာသည်။ သူအခုဘာ​တွေ​တွေး​နေတာလဲ။

"ထား​တော့။ ကျုပ် အပြင်မှာဘဲထွက်စား​တော့မယ်။ ​စောက်သုံးကိုမကျဘူး"

ထိုသို့​ပြောကာ အပြင်သို့ထွက်သွား​သော ​ကောင်​လေး။

"​ဟင်းချက်သင်တန်း တက်ရင်​ကောင်းမလား"

☆☆☆☆☆☆☆☆☆☆

အခု ည ဆယ့်တစ်နာရီပင် ထိုး​နေ​ချေပြီ။

ဂျိတ်ခ်က ယခုထိ အိမ်ပြန်မ​ရောက်​သေး။ ဂျုံ​ဆောင်းတစ်​ယောက် ခြံ​ရှေ့တွင်ထွက်၍ ​စောင့်​နေ​လေရာမှ ဂျိတ်ခ်၏ ကား​လေးကို မြင်လိုက်ရသည်။ ထို့​ကြောင့် ခြံတံခါး​လေးကိုတွန်းလိုက်​သောအခါ ကား​လေးသည် ခြံအတွင်းသို့ ​ရောက်ရှိသွား​လေသည်။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now